Jungkook ထွက်ပြေးသည့် နေ့မှ စ၍
ဂျွန်အိမ်တော်ရဲ့ နေရာတိုင်းတွင် အစောင့်အကြပ်များ ပိုတင်းကြပ်စွာ ချထားသည်။ မေမေသည်လည်း နေအိမ်ကနေပင် အလုပ် လုပ်ကာ
ကုမ္ပဏီကို သွားခြင်းမရှိတော့။jungkookသည်လည်း အိမ်တော်ထဲကနေ ဘယ်မှ မထွက်ရပဲ
နေလာရသည်မှာ ယခုဆိုလျှင် တတိယနှစ်
ကျောင်းတွေပင် ပြန်ဖွင့်တော့မည်။အခွင့်အရေးကို စောင့်သော်လည်း ကံကြမ္မာက မျက်နှာသာ မပေးသည်လား မပြောတတ်။ကိုကိုနဲ့ အဆက်အသွယ်မရတာ တစ်လပင် ကျော်လာပြီဖြစ်သည်။
ကိုကို့ကို လွမ်းတဲ့ စိတ်က တစ်နေ့၊တစ်နေ့ လူကို သတ်နေသလို ခံစားရသည်။ကိုကို့မျက်နှာလေးကို မြင်ချင်၊တွေ့ချင်သည်။ကိုကို့ ကိုယ်ငယ်လေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားခြင်းသည်။
အနမ်းများလည်း ဝေဝေဆာအောင် ပေးချင်သည်။ကိုကိုနဲ့ သူ့ရဲ့ တစ်နှစ်ပြည့် နေ့လေးမှာတောင် တူတူ ရှိပေးခွင့် မရခဲ့ပေ။ကိုကို သူ့ကို
စိတ်များ ဆိုးနေပြီလား မသိပါ။
ဒေါက် ဒေါက် ဒေါက်
"ဘယ်သူလဲ?"
"Jungkook !ငါ ပါ "
Taehyung ရဲ့ အသံကို ကြားလိုက်ရတာမို့
မွေ့ယာထက်က အမြန်ဆင်းကာ
တံခါးသွားဖွင့်ပေးလိုက်သည်။ကျန်တဲ့ အရာတွေ
ခွင့်ပြုမပေးပေမယ့် taehyung နဲ့ တွေ့ခွင့် ပေးထားသည်မို့ မေမေ့ကို စိတ်ဆိုးနေသည့်ကြားမှ
ဒီတစ်ခုကိုတော့ ကျေးဇူးတင်မိသည်။taehyung ရှိနေလို့သာ ကိုကိုနဲ့ သူ လုံးဝ အဆက်အသွယ် မပြတ်ခြင်းပင်။
"မင်းလဲ ခုမှ လာတယ်နော်။ငါ မျှော်နေတာ "
သူငယ်ချင်းဖြစ်သူကို ကြည့်ကာ
Taehyung စိတ်မကောင်းဖြစ်မိသည်။မျက်တွင်းလေးတွေပင် အနည်းငယ် ချိုင့်ဝင်နေသည်။
"ငါလည်း လာချင်ပါတယ်ကွာ။ဒါပေမယ့်
မင်းမေမေရဲ့ မျက်နှာလည်း ရှိနေတော့
ငါလည်း ဆင်ခြင်ရတယ်လေ "
"ထားပါ။အခု ရောက်လာပြီပဲ။
ကိုကိုရော အဆင်ပြေလား?ငါ့ကို ဘာပြောသေးလဲ?"
"Jimin hyung က အဆင်ပြေတယ်။
သူလည်း မင်းကို သတိတွေရနေတာပါ။ငါ နဲ့ တွေ့တိုင်း မင်း အကြောင်း အမြဲ မေးတယ်။ပြီးတော့
မင်းမေမေနဲ့ သင့်မြတ်အောင် နေဖို့လည်း ပြောတယ် "
