💘 Part-2 💘

2.1K 199 17
                                    

"ကဲ!အားလုံး ဒီနေ့ကတော့ ဒီလောက်ပါပဲ။
ဆရာသင်တဲ့ lecture တွေကို အိမ်မှာ
ပြန်လေ့ကျင့်ကြပါ။တစ်ပတ် တစ်ခါ tutorial ရှိတယ်ဆိုတာ သိကြတယ်မလား?"

"ဟုတ်ကဲ့!"

"သိပါတယ် ဆရာ "

ကျောင်းသူ၊ကျောင်းသားများရဲ့
ပြိုင်တူ အော်သံကြောင့် Namjoon
ပါးချိုင့်များပေါ်အောင် ပြုံးမိတော့သည်။
လက်ညှိုးနဲ့ မျက်မှန်ကိုင်းကို တစ်ချက်
ပြင်လိုက်ပြီး စကားဆက်စေသည်။

"ပြီးတော့ နောက်လထဲမှာ welcomeလည်းရှိတာမို့ ဆရာတို့အနေနဲ့ ပွဲမတိုင်ခင် ရက်တွေမှာ
စာကို သွားနိုင်သလောက် သွားထားမှရမယ်။
ပထမနှစ်တွေကို ကြိုဆိုတဲ့ပွဲဆိုပေမယ့်
ဆရာတို့ TU တစ်ကျောင်းလုံးရဲ့ ပွဲလည်း ဖြစ်တာမို့ ပြင်ဆင်စရာတွေက များတယ် ။ဆရာတို့အနေနဲ့လည်း ပွဲနားနီးရင် စာသင်ချိန်က မရှိစလောက်မို့
ရတဲ့ အချိန်ကို ကြိုးစားသင်ပေးမှာမို့
မင်းတို့ကလည်း ကြိုးစားသင်ယူပေးကြပါ "

"ဟုတ်ကဲ့ပါ "

အားလုံးကို နှုတ်ဆက်ပြီးနောက်
Namjoon ထိုစာသင်ခန်းထဲမှ ထွက်ခဲ့တော့သည်။

ဒုတိယနှစ် အတွက် စာသင်ချိန်ပြီးရင် ပထမနှစ်ပါ သင်ရဦးမည်မို့ ဒုတိယနှစ် စာသင်ဆောင်ဌာနမှ ထွက်လာခဲ့တော့သည်။

ပထမနှစ်နဲ့ ဒုတိယနှစ် စာသင်ဆောင်က
အနည်းငယ် အလှမ်းဝေးသည်။namjoon
လမ်းသွယ်လေးအတိုင်း လျှောက်လာရင်း
အဝေးကနေ လှမ်းမြင်နေရတဲ့ ပုံရိပ်ကလေးကြောင့် ခြေလှမ်းများ နှောင့်နှေးမိတော့သည်။

ဘယ်လိုကံကြမ္မာပါလိမ့်။တစ်သက်လုံးအတွက်
ဝေးကွာ ခဲ့ပြီလို့ ထင်ခဲ့တဲ့ ရေစက်က
မပြတ်တောက်သေးတာလား။မျက်စိရှေ့က တဖြေးဖြေး နီးကပ်လာနေသော ပုံရိပ်ကလေးကိုသာ မျက်မှန်ဘောင်အောက်က မျက်ဝန်းများနဲ့
မယုံကြည်နိုင်သဖွယ် ကြည့်နေမိတော့သည်။

Seokjin ။namjoonဘဝရဲ့ အချစ်ဦးဖြစ်သလို၊
အချစ်ဆုံးဖြစ်ခဲ့ရတဲ့သူ။ဒီကျောင်းတော်ကြီးမှာပဲ
ရေစက်ဆုံခဲ့ကြပြီး ချစ်ကြိုးလေးတွေ သွယ်မိခဲ့ကြသည်။မိဘ၊အသိုင်းအဝိုင်း၊နောက်ခံတွေကို
ဂရုမစိုက်ပဲ နှစ်ဦးအတူ ကြင်ကြင်နာနာ
ပညာသင်ရင်း ချစ်ခဲ့ကြတာက ကျောင်းပြီးလို့
ဘွဲ့ရတဲ့အထိပင်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now