💘 Part-17 💘

1.4K 140 22
                                    

နေမင်း၏ သံတမန်များ ဖြစ်သော နေရောင်ခြည် အလင်းတန်းများက ကမ္ဘာမြေပြင်ပေါ် စတင် ကျရောက်လာသည်နှင့် ပုထုဇဉ် လူသားတို့၏ နေ့စဉ်ဓူဝ လုပ်ငန်းဆောင်တာများလည်း စတင်ရာနေ့တစ်နေ့၏ အစဖြစ်ပေရော့သည်။

ကျေးငှက်လေးများ၏ တကျီကျီ အော်သံလေးများကလည်း နံနက်ခင်း၏ တေးသံသာလေး တစ်မျိုးလို ရင်ထဲ အေးချမ်းနိုင်လိမ့်မည်။

ဂျွန်အိမ်တော်ရဲ့ သခင်လေးကတော့ နေ့တစ်နေ့၏ အစကို သူချစ်သောသူရဲ့ အသံလေးနဲ့ အစပြုနေသည်။

"အကို "

"အင်း "

"ဒီနေ့ ကျွန်တော် အရင်နိုးတာနော် "

Jungkook ၏ စကားလေးကြောင့်
Jimin အိပ်မှုန်စုပ်ဖွား ဖြစ်နေရင်းမှ ပြုံးမိသေးသည်။အရင်ရက်တွေက jimin ဘက်ကပဲ ကောင်လေးကို ဖုန်းဆက်နှိုးနေကြဖြစ်သည်မို့ ဒီကောင်လေး အခုလို ပြောနေခြင်းပင်။

"ညက schedule တွေ ကြည့်ရင်း ညဉ့်နက်သွားလို့ "

"အလုပ်ကို ကျန်းမာရေးထိခိုက်တဲ့အထိတော့ မလုပ်စေချင်ဘူး "

"အင်းပါ။အကို ဆင်ခြင်ပါ့မယ် "

"ဒီနေ့ရော  schedule ရှိသေးလား?"

"အင်း။ရှိတယ် "

"ဘယ်အချိန်လဲ လိုက်ပို့မယ်လေ "

"ရပါတယ်။hyung က သူလိုက်ပို့မယ်တဲ့"

"..........."

Jungkook ဘက်က အသံတိတ်သွားပြီမို့
Jimin ပျာပျာသလဲ ထပ်ပြောရသည်။

"အဲ့တာက hyung လည်း အဲ့ပွဲကို တက်ရမှာဆိုတော့ "

"ကျွန်တော် နားလည်ပါတယ် "

"အင်း။ စိတ်မဆိုးဘူးမလား?"

"ဆိုးစရာ ကိစ္စမှ မဟုတ်တာ "

"ပွဲအချိန်ကို Live လွှင့်မယ် ပြောတယ်။
ပြီးတော့ အိမ်ပြန်ရောက်ရင် မင်းဆီ ဖုန်းဆက်မယ်လေနော် "

"အင်း "

ပြန်ဖြေလာသော 'အင်း'လေး တစ်လုံးက
ကြားရတာ jimin စိတ်ထဲ မသက်သာသလို ခံစားရသည်။ဒီကောင်လေး hyung နဲ့ သူ့ကို
အရမ်း sensitive ဖြစ်လွန်းတတ်သည်မို့ သူလည်း အခုတလော hyungနဲ့ မတွေ့ဖြစ်အောင် အထူးဂရုစိုက်နေသည်။hyung ကလည်း နားလည်သည်ထင် Jungkook နဲ့ ချစ်သူစဖြစ်သည့် အချိန်နောပ်ပိုင်းများတွင် jimin ကွန်ဒိုကို အလာကျဲသွားသည်။ပြောစရာရှိရင်တောင် ဖုန်းဆက်အသိပေးသည်။အရေးကြီး တွေ့စရာ ကိစ္စရှိလျှင်တောင်
Hyung ပြောတတ်သည့် စကားတစ်ခွန်းက
"Jungkook ကို ပြောခဲ့ရဲ့လား"တဲ့လေ။ကောင်လေးရဲ့ အူတိုမှုကြီးကို hyung ပင် သိနေခဲ့သည်။
ထိုအခါမှာလည်း ကောင်လေး အပေါ် အပြစ်မမြင်နိုင်ပဲ အချစ်ပိုခဲ့ရသည်က jimin ကိုယ်တိုင်ပါပင်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Wo Geschichten leben. Entdecke jetzt