"ဝါးးး!နောက်ဆုံး စာမေးပွဲကြီး ပြီးသွားပြီပေါ့ ။
စာတွေ ခေါင်းထဲ ထည့်စရာမလိုတော့ဘူး "
စာဖြေခန်း အပြင်ဘက် ရောက်သည်နှင့်
Taehyung သည် ကိုယ်ကို အညောင်း၊အညာ ဆန့်သလိုမျိုး ဘယ်၊ညာ လှည့်ရင်း ပြောလာသည်။
Taehyung ၏ပုံစံကို ကြည့်ကာ Jungkook တစ်ယောက် ရီမိသည်။ဘာလိုလိုနဲ့ သူတို့ ဒုတိယနှစ်ရဲ့ စာမေးပွဲပင် ပြီးသွားခဲ့ပြီဖြစ်သည်။ဒုတိယနှစ်ရဲ့ ပညာသင်ကြားခြင်းလည်း ပြီးသွားသလို
အကိုနဲ့ သူရဲ့ ချစ်သူသက်တမ်းကလည်း တစ်နှစ်ပြည့်သို့ ရောက်ရှိလာတော့မည်။
"Jungkook !ဖြေနိုင်တယ်မလား?"
"အင်း "
"မင်းက တော်ပြီးသားပဲ ။ငါ ယုံတယ် "
"မင်းကရော?"
"ငါလား?ဟဲဟဲ....မရတဲ့ ဟာလေးတွေ ရှိပေမယ့်
အောင်ပါတယ်ကွ။တတိယနှစ်မှာ သေချာပေါက် ငါနဲ့ တူတူတက်ရမှာပါ "
Taehyung ပြောတော့ Jungkook က ပြုံးသည်။
Jungkook ကို ကြည့်ကာ taehyung တွေးမိသွားသည်။အရင်က အေးစက်စက်သာ နေခဲ့သော Jungkook က တဖြေးဖြေး နွေးထွေးလာခဲ့သည်မို့ jimin hyung ကို ကျေးဇူးတင်နေမိသည်။
"ဒါနဲ့....ကျောင်းပိတ်ရက်မှာ ဘယ်သွားမယ် တွေးထားလဲ?"
"ငါ မသိသေးဘူး "
"ဒီလို လုပ်ပါ့လား?ခုတော့ မဟုတ်သေးပေမယ့်
တစ်ရက်ရက်မှာ ခရီးလေး ဘာလေး ထွက်ရအောင်။မင်း စိတ်ဝင်စားလား Jungkook ?"
"အင်း "
"ငါ စီစဉ်ထားလိုက်ဦးမယ် "
"ငါတို့ နှစ်ယောက်တည်းလား?"
"ဘယ်ဟုတ်မလဲ?ငါက yoongi ပါ ခေါ်လာမှာ။
မင်းလည်း jimin hyung ကို ခေါ်ပေါ့ "
".........."
"စဉ်းစားကြည့်။ကိုယ် ချစ်တဲ့သူနဲ့ ခရီးတူတူ သွားရမှာ။ငါတော့ တွေးရင်းနဲ့ ရင်ခုန်တယ် "
Taehyung သည် စိတ်ကူးယဉ်စွာ ပြောရင်း
ကျေနပ်နေသည်။
Jungkook လည်း အကိုနဲ့ အတူ ကုန်ဆုံးရမည့်
ခရီးစဉ်လေး အကြောင်း တွေးမိကာ ရင်ခုန်ရပါသည်။
"Taehyung, Jungkook"
ရင်းနှီးနေသော အသံမို့ taehyung ရော Jungkook ပါ နောက်လှည့်ကြည့်ရင်း
ဦးညွှတ်နှုတ်ဆက်တော့ ဆရာသည် ပါးချိုင့်နက်များပေါ်အောင် နွေးထွေးစွာ ပြုံးပြခဲ့သည်။
