💘 Part-37 💘

1.1K 103 0
                                    

"Jungkook ! taehyung တို့ ရောက်လာပြီ"

ခြံရှေ့ ရပ်လာသော ကားကို မြင်သည်နှင့်
Jimin သည် taehyung တို့မှန်းသိကာ
Jungkook အား လှမ်းခေါ်ကာ ပြောသည်။
ကိုကို့ခေါ်သံကြားမှ Jungkook လည်း မီးဖိုခန်းထဲမှ ထွက်လာခဲ့သည်။ထို့နောက် ကိုကို့လက်ကို ဆွဲကာ ခြံထဲသို့ ဆင်းခဲ့ပြီး တံခါးပေါက် ဖွင့်ပေးလိုက်သည်။

ခြံထဲက ကားဝင်လို့ မရသည်မို့
အပြင်ဘက်တွင်သာ ထားခဲ့ရသည် ။
Taehyung ၊yoongiနဲ့ အတူ lalaလည်း ပါလာသည်မို့ လူစုံ၊တက်စုံ ဖြစ်နေတော့သည်။

"မင်းတို့အတွက် အအေးတော့ ဖျော်ထားတယ်"

အိမ်ထဲ ရောက်သည်နှင့် taehyung တို့အား
အမောပြေစေရန် အအေးခွက်များကို
Jungkook က ယူလာကာ ချပေးသည်။ထို့နောက်
ကိုကိုထိုင်နေသော ခုံတွင် ကပ်ထိုင်လိုက်သည်။

"ဒီလာတာ ဘယ်သူတွေ သိသေးလဲ?"

"ဘယ်သူမှ မသိဘူး။ဒီနေ့က ကျောင်းဖွင့်ရက်လေ။မေမေတို့က ငါ ကျောင်းမှာလို့ပဲ ထင်မှာ "

Lalaသည် အအေးသောက်ရင်း ပြောသည်။

"ငါကတော့ ကိစ္စမရှိဘူး။အ့ကြောင့် မင်းဆီလာတာ ဘယ်သူမှ မသိဘူး"

Taehyung သည်လည်း ဒီကို ရောက်လာခြင်းကို
ဘယ်သူမှ မရိပ်မိကြောင်း ပြောပြမှ Jungkook
သက်ပြင်းချမိသည်။

"Jiminshi ရော အဆင်ပြေရဲ့လား?ဒီမှာ နေရတာ"

"အင်း...ပြေတာထက်ကို ပိုပါတယ်"

"ဟီး...jiminshi နဲ့ Jungkookကို  ခုလိုလေး တွဲတွေ့ရတာ အရမ်းပျော်တာပဲ"

Lalaသည် Jungkook တို့အတွဲအား ကြည့်ကာ
ကြည်နူးပြုံးလေး ပြုံးရင်း ပြောသည်။

"Yoongiကရော ဆိုင်ကို ခွင့်ယူခဲ့တာလား?"

"ဟုတ်တယ်... taeနဲ့ lalaတို့ နှစ်ယောက်တည်း
ဒီခရီးကို စိတ်မချလို့။မင်းတို့ကိုရော တွေ့ချင်လို့
လိုက်လာတာ"

"အားနာလိုက်တာ..ကျွန်တော့်ကြောင့်နဲ့ အလုပ်ပျက်ရပြီ"

"အဲ့လို မတွေးပါနဲ့..."

"အ‌မလေး!yoongishiက taehyung ကို စိတ်မချလို့ လိုက်လာတာ သိပြီးသားပါနော်"

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Tempat cerita menjadi hidup. Temukan sekarang