"Jungkook"
ကျောပြင်နဲ့ အနီးစပ်ဆုံး ရောက်နေသည်ကို သတိထားမိသော်လည်း မိတ်ကပ် ပြင်ပေးတဲ့ အမလို့ပဲ ထင်နေခဲ့မိသည်။ခါးကို လာဖက်မှ အလန့်တကြား လှည့်ကာ ကြည့်မိတော့ သူ့ရဲ့ အင်ဂျင်နီယာလေးဖြစ်လို့နေသည်။
"ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ?"
"မေမေနဲ့ လိုက်လာတာ "
"အော် "
နီးကပ်နေသော ခန္ဓာကိုယ်နှစ်ခုနဲ့ စည်းချက်မကျသော ရင်ခုန်သံတွေက အခန်းငယ်လေးထဲ ပြည့်နှက်လာခဲ့သည် ။
"ဟိုဖက်လှည့် "
"ဟင်"
"ဇစ်တပ်ပေးဆို "
"အာ ...အင်း "
အကိုသည် မျက်နှာလေး ရဲကာ သူ့ကို ဖြေးဖြေးချင်း ကျောပေးကာ ရပ်သည်။အကို့ရဲ့ ခါးထက်က Jungkook လက်ကို ဖြုတ်မချပဲ ကျန်သည့် တစ်ဖက်နဲ့သာ ဇစ်ကို ဆွဲချပေးလိုက်သည်။အောက်သို့ ဆွဲချသွားသော ဇစ်နဲ့အတူ အကို့ရဲ့ ကျောပြင်ဖွေးဖွေးဟာလည်း တစ်စ၊တစ်စ
ဖုံးကွယ် သွားခဲ့တော့သည်။
နီးကပ်နေတဲ့ အကို့ လည်တိုင်ဖွေးဖွေးက
အင်ဂျင်နီယာလေးအတွက် ငေးကြည့်စရာ တစ်ခုဖြစ်နေခဲ့သည်။အကိုနဲ့ နီးနီးကပ်ကပ်နေရတဲ့ အချိန်တိုင်း Jungkook အတွက် စိတ်လှုပ်ရှားစေပြီး စိတ်ရှိတိုင်း ထိတွေ့ပစ်ချင်စိတ်များ ပေါ်ပေါက်လာတတ်သည်။ဒါဟာ အကိုတစ်ဦးတည်းပေါ်မှာပဲ ဖြစ်တည်တဲ့ သူ့ရဲ့ အမိုက်အမှောင် စိတ်ရိုင်းများပင်။
"အကို "
"ဟင်"
ခေါ်သံနဲ့ အတူ လည်တိုင်ကို လာထိတွေ့သော
နှုတ်ခမ်းပါး တစ်စုံကြောင့် jimin ကိုယ်လေး တစ်ချက် တွန့်သွားသလို၊ခါးထက်က Jungkook ရဲ့ လက်များကလည်း ပို တင်းကျပ်သွားသည်။
နှုတ်ခမ်းပါးနဲ့ တဖွဖွ နမ်းနေပြီး ပွတ်ဆွဲသွားခြင်းက jimin စိတ်များကို ဆွပေးသလိုနှယ်။မျက်လုံးလေးများ မှေးစင်းလာရင်း မိန်းမောစရာကောင်းသော ကောင်လေး အထိအတွေ့များကို
ခံစားနေမိသည်။
"အကို "
ကျောပေးထားရင်း လှည့်ကာ ကြည့်မိတော့
ထပ်တူကျလာသော နှုတ်ခမ်းနှစ်စုံက စက္ကန့်ပိုင်းအကြာမှာ ပြန်လည်ဖယ်ခွာသွားသည်။
