ရောင်နီပေါ်ထွန်းပြီးလို့ နံနက်ခင်းရဲ့ အစပြုရာ
နေရောင်ခြည်လေးက ခမ်းနားလှတဲ့
အိမ်တော်ကြီးဆီသို့ ဖြာကျလာတော့သည်။
နှစ်ထပ်မြင့် အိမ်တော်ကြီး၏ အပေါ်ထပ် မှ
အိပ်ခန်းဆီက လူသားလေးကတော့
အိပ်ပျော်နေဆဲပင်။
ဒေါက် ဒေါက် ဒေါက်
"သခင်လေး!မမကြီးက နှိုးခိုင်းလိုက်လို့ပါ "
တံခါး ခေါက်သံနဲ့ အတူ ရိုကျိုးစွာ
ထွက်ပေါ်လာသော အသံကြောင့်
အအိပ်ဆက်သော သခင်လေး၏ မျက်လုံးများ
ပွင့်လာတော့သည်။
"ဆင်းလာခဲ့မယ်လို့ ပြောလိုက်ပါ "
"ဟုတ်ကဲ့ "
ခေါင်းအုံးမှထကာ မွေ့ယာပေါ်ထိုင်ရင်း
ပြတင်းပေါက် အပြင်ဘက်ကို တစ်ချက် ကြည့်လိုက်သည်။နေရောင်ခြည်ဖြဖြလေးက လိုက်ကာစကို ဖြတ်ကာ သူ့အခန်းလေးထဲဆီ ဝင်ရောက်နေတော့သည်။ဆက်ထိုင်မနေတော့ပဲ ရေချိုး၊မျက်နှာသစ်ရန် စောင်ကိုဖယ်ကာ ရေချိုးခန်းထဲသို့ ဝင်ခဲ့တော့သည်။
ရေချိုးပြီးသည်နှင့် ခါးတွင် တဘတ်တစ်ထည်ပတ်ကာ ရေချိုးခန်းအပြင်ဘက်သို့ ထွက်ခဲ့တော့သည်။ရေစိုနေသော ဆံပင်တို့ကို
တဘတ်ဖြူဖြူနဲ့ သုတ်လိုက်သည်။ခြောက်စပြုပြီဆိုမှ အနံ့ခပ်သင်းသင်းလေးရောပါသော
ခေါင်းလိမ်းဆီကို ခေါင်းအနှံ့လိမ်းကာ
ဘီးနဲ့ အလယ်ခွဲလိုက်သည်။မျက်ခုံးနက်နက်တို့ထက် ထိစပ်နေသော ဆံပင်များသည် အလယ်ခွဲထားသည်ကြောင့် နဖူးပြေပြေလေးက ထင်သာမြင်သာ ရှိပါသည်။sensitive အသားအရေမို့
ကလေးလေးတွေ သုံးသော နို့ထွက်ပစ္စည်းများနဲ့
ပြုလုပ်ထားတဲ့ creamလေးကို မျက်နှာတွင်
လိမ်းလိုက်သည်။
ဗီရိုဆီ သွားကာ boxerတစ်ထည်ယူပြီး
တဘတ်ပတ်ထားရင်းပင် အောက်မှ လျှိုသွင်းကာ အရင်ဝတ်ဆင်သည်။ပြီးမှ ကျောင်းဝတ်စုံဖြစ်သည့် style ဘောင်းဘီအနက်ကို ထပ်ဝတ်သည်။ပြီးပြီဆိုမှ ခါးမှ တဘတ်ကို ဆွဲချွတ်လိုက်သည်။
အလယ်အံဆွဲကို ဖွင့်ကာ မေမေဝယ်ပေးထားသော မျိုးစုံ ခါးပတ်တွေထဲက အနက်ရောင်တောက်တောက် leather ခါးပတ်ကို ရွေးကာ
ခါးတွင် ပတ်လိုက်သည်။အောက်ပိုင်း ပြင်ဆင်မှုပြီးသည်နှင့် အပေါ်ထပ် ဗီရိုကို ဖွင့်လိုက်သည်။
အမျိုးမျိုးသော အင်္ကျီ များက သူ့အကန့်နဲ့သူ ရှိနေသည်။ထိုအထဲမှ စွပ်ကျယ် အဖြူကို အရင် ဝတ်လိုက်သည်။ပြီးမှ ကျောင်း uniform တွေထားတဲ့ အကန့်ထဲမှ အပေါ်ကုတ်ကို ယူလိုက်သည်။
KAMU SEDANG MEMBACA
သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်
Fiksi Penggemarကကြိုးတွေ ပျောက်ကွယ်သွားတဲ့အခါ........
