💘 Part-23 💘

1.4K 127 7
                                    

မနက် jimin နိုးလာသည့် အချိန်မှာတော့
Jungkook က အနားမှာ ရှိမနေတော့ပေ။သူ့ခန္ဓာကိုယ်ထက်မှာတော့ Jungkook ဝတ်ပေးထားခဲ့သော ညအိပ်ဝတ်စုံလေးက ချစ်စရာကောင်းစွာ ရှိနေပါသည်။ညက နှစ်ယောက်လုံး
ညဉ့်နက်တဲ့အထိ တူတူ ရှိနေခဲ့ကြပြီးနောက်
Jungkook ကိုယ်တိုင်ပင် သူ့ကို ရေချိုးသန့်စင်ပေးခဲ့သည်။ အဝတ်အစားလဲပေးပြီးသည့်နောက် jimin ကို မွေ့ယာပေါ် အရင် အိပ်စေသည်။ပြီးမှ သူကိုယ်တိုင်လည်း ရေချိုးပြီး အဝတ်အစားလဲကာ jimin ကို ရင်ခွင်ထဲ ထည့်ကာ အိပ်စေခဲ့သည်။

နှစ်ကိုယ်တူ ကြည်နူးစရာ အချိန်လေးအကြောင်းကို ပြန်ကာ တွေးမိတော့ ကကြိုးလေး မျက်နှာတွင် ရှက်ပြုံးလေး ပြုံးမိသွားသည်။ထို့‌နောက်သူ့ရဲ့ အင်ဂျင်နီယာလေးကို ရှာရဦးမှာမို့ အိပ်ယာမှထကာ ‌မျက်နှာသစ်ရန် ရေချိုးခန်းဆီ ဝင်လိုက်သည်။

မျက်နှာသစ်ပြီးနောက် အောက်ထပ်သို့ ဆင်းလာခဲ့တော့ အင်ဂျင်နီယာလေးကို kitchen counter တွင် တွေ့ရသည်။jimin ဆင်းလာတာကို မသိသည့် ကောင်လေးကတော့ ကျောပေးကာ
သူလုပ်စရာရှိရာကို ဆက်လုပ်နေသည်။ခြေလှမ်းလေးများ ဖွဖွလှမ်းရင်း အင်ဂျင်နီယာလေးနား ရောက်အောင် သွားလိုက်ပြီး ခါးမှ သိုင်းဖက်လိုက်တော့ 

" နိုးလာပြီလား?"

"မလန့်ဘူးလား?"

"မလန့်ပါဘူး.....ကိုကို  ကျွန်တော့်နား မရောက်ခင်ကတည်းက ကိုကို့ရဲ့ ကိုယ်သင်းနံ့လေးကို အရင်ရနေတာ "

"ဘာလို့ နှိုးမသွားတာလဲ?"

အင်ဂျင်နီယာလေးရဲ့ ကျောပြင်ကို မျက်နှာအပ်ထားရင်း jimin က မေးသည်။

"ကိုကို အိပ်ရေးဝအောင်လို့လေ။အိပ်ရေးမဝရင်
စိတ်ကြည်မှာ မဟုတ်ဘူး "

"မသိပါဘူး။အကို့ကို ထားခဲ့ပြီး
နိုင်ငံခြားမ လေးတွေနဲ့ သွားတွေ့တာလားလို့ "

သိရက်သားနဲ့ စနေသော
ကိုကို့အား Jungkook အသည်းယားစွာ
လုပ်လက်စကို ရပ်ပြီး ကိုကို့ဘက်လှည့်လိုက်သည်။နောက် ခါးလေးကို လက်နှစ်ဖက်နဲ့
ဆွဲကာ ခန္ဓာကိုယ်ချင်း ကြားလေ သွေးမရအောင်အထိ ကပ်ပစ်လိုက်သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now