"မယုံရဲတာဆိုတော့ နင်.."

"ငါတို့မဖြစ်နိုင်ဘူး သားသား ငါတို့တစ်ယောက်ကိုတစ်ယောက် ချစ်ကြရင်တောင် ငါတို့မဖြစ်နိုင်ဘူး
ကိုကြီးက ငါ့အတွက်အကောင်းဆုံးလက်တွဲဖော်ပဲ အဲ့ဒါကြောင့် ငါ့ကိုဘက်တိုက်မနေတော့ဘဲ ငါတို့နဲ့အတူနေဖို့ ခေါင်းညိတ်လိုက်ပါလား"

"နင် သူ့ကိုချစ်တယ်မလား နင်အရမ်းချစ်ခဲ့တာလေ ဘာလို့လဲ..
ဘာလို့အဲ့လောက်ထိ ဟန်ဆောင်ကောင်းရတာလဲ မိုးမြေ"

"အဲ့ဒါက ငါအကျွမ်းကျင်ဆုံးမို့ပေါ့"

ဖြေသိမ့်စကားနှင့်အတူ သားသားဆံပင်တွေကို သပ်တင်ပေးလိုက်ပြီး ပါးအိအိလေးကိုဆွဲဖဲ့လိုက်သည့်အခါ သားသားက မိုးမြေလက်ကိုဖယ်ချပစ်ပြီး သက်ပြင်းတစ်ချက်ချသည်။

"မနက်ဖြန်စေ့စပ်ပွဲမလား"

"အင်း"

"စောစောအိပ်တော့ ကိုကြီးခစားကိုပဲယောက်ဖတော်ချင်ပေမယ့် နင်ပျော်ရင်ကျေနပ်ပါတယ် နင်ယောကျာ်းရသွားရင်လည်း ငါနင်နဲ့ပဲနေပါ့မယ်"

"အိုခေ"

"ဖျော်ရည်သောက်ဦး ငါမကုန်ဘူး"

ဟု ကမ်းပေးလာတော့ ကတ္ထူဘူးအထူဖြင့် ကျကျနနထုတ်ပိုးထားသော ဖျော်ရည်ဘူးလေး။
ဒီလိုဖျော်ရည်မျိုးကို Deliတွေလည်းလာပို့မှာမဟုတ်သလို သားသားကလည်းထွက်ဝယ်နိုင်မှာမဟုတ်။
ဘယ်သူကများပို့လိုက်တာပါလိမ့်...

"အံမယ် အမိုက်စားဘူးနဲ့ပါလား ဘယ်တုန်းကသွားဝယ်လိုက်တာလဲ"

"ကိုကြီးခစားယူလာပေးတာ"

ပြောလိုက်သည့်စကားတိုင်းမှာ ခစားဆိုတာ အမြဲပါနေ၍ မိုးမြေ မျက်စောင်းလေးချီမိပေမယ့် သားသားပေးလာသော ဖျော်ရည်ဘူးလေးကို တစ်ငုံသောက်လိုက်၏။
သစ်ခွအရသာဖြစ်ပေမယ့် အနည်းငယ်ခါးသက်နေကာ သိပ်သဘောမကျပေမယ့် သားသားစိတ်ကျေနပ်သည်အထိ အကုန်သောက်ပစ်လိုက်သည်။
ထိုအခါမှ သားသားက ကျေနပ်သွားသောမျက်နှာလေးဖြင့်...

"မအိပ်သေးနဲ့ဦးနော် ငါဂဏန်းပီဇာမှာထားတယ် Deliလာလိမ့်မယ်"

"အင်းပါ"

မိုးမြေခစားOù les histoires vivent. Découvrez maintenant