💘 Part-51 💘

En başından başla
                                        

"ဘယ်လိုလဲ? ပြောပြပေးဆိုလည်း ရတယ်နော်။
ကျွန်တော် အကုန်မှတ်မိတယ်။ကျွန်တော့် လှုပ်ရှားမှု တစ်ချက်တိုင်းမှာ ကိုကို့မျက်နှာ ဘယ်လို ပြောင်းလဲသွားတယ် ဆိုတာကအစ
မှတ်မိနေတုန်းပဲ....."

"မင်း!!!အရမ်း ညစ်ပတ်တာပဲ။
ဖယ်!"

Jungkook လက်များကို ဖြုတ်ချသော်လည်း
အားသန်သူက ဖြုံတောင် မဖြုံပဲ
ပိုတိုးလို့ကာ ဖက်သည်။

"လူလည်း အရိုးတွေပါ ကြေကုန်တော့မယ်။
အတင်းကို ဖက်ထားတော့တာပဲ "

ထိုစကားကြောင့် အင်ဂျင်နီယာလေးက
ခပ်ဟဟလေး ရယ်သည်။

"အဟွန်း! ကိုကိုတွေများ ကြောက်စရာကောင်းလိုက်တာ ။ပြန်မရခင်က အရမ်းကို ကပ်ပြီး ဇွတ်ချွဲပြတာ။အခု လူကို ပြန်ရတော့ကျ အချိုးက တစ်မျိုး ပြောင်းသွားတယ်"

"ဘယ်လို?"

Jungkook မျက်ခုံးပင့်ပြလိုက်တော့
ကိုကိုက မကြည်သလိုလေး ကြည့်သည်။
ထို့နောက် တစ်ခုခုကို တွေးတောမိသွားဟန်နဲ့
Jungkook ရင်ဘတ်ကို တဖပ်ဖပ် ရိုက်တော့သည်။

"အ့!! ဘာလို့ရိုက်တာလဲ ? ကိုကို .."

"ဘာ ကိုကိုတွေလဲ? ဘယ်က ကိုကိုတွေလဲ?
ငါ့အပြင် ဟိုနိုင်ငံမှာ ကိုကိုတွေ ရှိခဲ့သေးတယ်ပေါ့
Jeon Jungkook ...ပြောစမ်း!"

"ဟာဗျာ..."

Jungkook  ကိုကို့ရဲ့ ရစ်ပုံ၊ရစ်နည်းကို
လက်လန်သွားသည်။ကိုယ်ပြောတာ တခြား၊
သူ အယူကောက်တာ တခြား။

ရင်ဘတ်ကို ရိုက်နေသော လက်ဖဝါးလေးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး ကိုကို့ မျက်လုံးများကို ဆုံကြည့်ရင်း

"တော်တော့ ...ကိုကို။လက်ဖဝါးတွေ နာမယ်"

"အပိုတွေ။မင်း အသား နာမှာ စိုးလို့မလား?"

"မဟုတ်တာဗျာ။ကိုကိုသာ အဆင်ပြေရင်
ရင်ဘတ်ကြီးပဲ ကျွံဝင်သွားသွား။ကြိုက်သလို လုပ်လို့ရတယ်"

"အဟင်း! အရမ်း စကားတတ်တာပဲ"

ကိုကိုသည် သဘောကျစွာ ရယ်ရင်း ပြောသည်။

"တကယ်.... ကိုကို ရိုက်ချင်သပ့ဆိုလည်း
ရိုက်လေ။ကျွန်တော် ရင်ကော့ပေးထားမယ်"

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Hikayelerin yaşadığı yer. Şimdi keşfedin