"ကိုကို "
နူးညံ့သော အသံလေးနဲ့ ခေါ်လိုက်တော့
ခေတ္တအကြာမှာ ကိုကို့မျက်လုံးများ မဖွင့်ချင်၊ဖွင့်ချင်နဲ့ ပွင့်လို့လာခဲ့ပြီး သူ့ကို စိုက်ကြည့်လာသည်။
အိပ်ချင်မူးတူး ရုပ်ကလေးနဲ့ ပြုံးပြသေးသည်။
Jungkook လည်း အိပ်ယာထ ကိုကို့ပုံစံလေးကို
ထိုအတိုင်းသာ ငေးကြည့်နေမိသည်။ကြာတော့
ကိုကိုသည် တစ်ခုခုကို သတိရသွားပုံပေါ်သည်။
မျက်လုံးများ ပြူးရင်း ရင်ခွင်ထဲမှ ထွက်ကာ ဆိုဖာပေါ် ထထိုင်တော့သည်။
Jungkook လည်း အိပ်ယာထပြီး
Jiminအား မေးရသည်။
"ဘာရှာနေတာလဲ?"
Jungkook အသံ ကြားသည့်အခါ ကိုကိုက
ကြည့်လာပြီး
"ဟင်...သား ...သားရော ?"
Jungkook ကြောင်သွားသည်။သားက
ကိုကို့အိမ်မှာ ရှိနေမှာပေါ့။
"သားက ကိုကို့အိမ်မှာပဲလေ"
"ဟင်!ဒါဆို ငါက ?"
သူ့ကိုယ်သူ ဘယ်ရောက်နေမှန်း မသိတဲ့ ကိုကိုက
ညက သူ့ဆီ လာခဲ့တာကို မမှတ်မိတာလား?
"ကျွန်တော့်ဆီ ရောက်နေတာလေ။မနေ့ညကတည်းက"
Jungkook ပြောမှ memory ပြန် ခေါ်နေတဲ့
ပုံစံနဲ့ တွေးလို့နေသည်။jungkook စောင့်ကြည့်နေလိုက်သည်။ခနအကြာမှာတော့ မှတ်မိသွားသည် ထင်သည် မျက်နှာလေးရဲ သွားသည်။
"မှတ်မိပြီလား?"
"အင်း "
"တော်သေးတယ်။မမှတ်မိရင် ညက ကိစ္စကို
အစကနေ ပြန်လုပ်ပြမလို့..."
"မင်း! သွား..."
ရှက်သွားသူ ကိုကိုက Jungkook ရင်ဘတ်ကို တွန်းကာ ထသွားဖို့ ပြင်သည်။jungkook ကိုကို့ကို
ခါးမှ ဆွဲဖက်ထားရသည်။
"ဘယ်တွေ သွားခိုင်းနေတာလဲ?
ညကကျ ဘယ်မှ မသွားနဲ့ ဆိုပြီး "
"မသိဘူး။မမှတ်မိဘူး "
"ပြန်ပြောပြပေးမယ်လေ။တစ်ဆင့်ချင်း ၊တစ်ဆင့်ချင်း..."
ပြီတီတီ မျက်နှာပေးနဲ့ ပြောလာသည့်အခါ
Jimin အရှက်သည်းရပြန်သည်။တကယ် မေ့သွားခြင်းပါ။ပုံမှန်အတိုင်း သားနဲ့ အတူရှိနေတယ်လို့ပဲ ထင်နေခဲ့တာ။ဝေးခဲ့တဲ့ နှစ်တွေလည်း ကြာခဲ့တာမို့ ပြန်ဆုံတွေ့လို့ ရင်ခွင်ကျယ်ကို ပြန်ခိုဝင်ရတဲ့အခါ အသားမကျသလို မေ့သွားရခြင်းပင်။အံ့ဩမိပါသည်။
💘 Part-51 💘
Start from the beginning
