ညက နှစ်ယောက်အတူတူ အချစ်ညကို
ဖြတ်သန်းပြီးတဲ့နောက် ကိုကိုသည် ပင်ပန်းစွာ အိပ်ပျော်သွားခဲ့သည်။သန့်ရှင်းပေးဖို့က ရေချိုးခန်းမရှိတာမို့ အဝတ်အစားများသာ သေချာ ပြန်ဝတ်ပေးပြီး ရင်ခွင်ထဲ ထည့်ပြီး အိပ်ခဲ့သည်။
မယုံနိုင်သေးပါ။မိမိကိုယ်ကို မယုံနိုင်သေးပေ။
လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကိုကို့အပေါ် မုန်းတီးစိတ်တွေနဲ့ ရှင်သန်နေထိုင်ခဲ့ပြီး၊ ပြန်ဆုံတွေ့တဲ့ အချိန်ကျရင် ကောင်းကောင်း ပြန်ခံစားရအောင် လုပ်ပစ်မယ်လို့ စိတ်ထဲ တေးထားခဲ့သမျှက
တကယ့်၊တကယ် ပြန်ဆုံတွေ့လာတဲ့အချိန်ကျ
အဘယ်သို့ ရက်စက်ပြရမလဲဆိုတာကိုပင် မသိတော့ချေ။ကိုကို့မျက်နှာကို စစပြန်မြင်သည့် အချိန်ကတည်းက ပျော့ပျောင်းစပြုနေတဲ့စိတ်ကို
အမုန်းစိတ်နဲ့ တင်းခံထားခဲ့ပြီး နေပြခဲ့သည်။jungkookရဲ့ ပုံမှန်ဓာတ်ခံဟာ အေးတိအေးစက်ပေမယ့် jiminနဲ့ စပတ်သက်မိသည့်အချိန်မှာ
နွေးထွေးသော ကောင်လေးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
ကိုကိုသည်သာ သူ့ကို
နွေးထွေးလာအောင် လမ်းပြခဲ့တဲ့ သူ။
ချစ်တတ်လာအောင် သင်ပေးခဲ့တဲ့သူ။
ပျော်ရွှင်မှုဆိုတာဟာ ကိုကို့မျက်နှာလေး
မြင်ရရုံနဲ့ ပေါ်ပေါက်လာခဲ့သလို
အင်ဂျင်နီယာလေး အပြုံးတွေရဲ့
အရင်းခံက ကိုကိုဖြစ်သည်။
ရက်စက်ခဲ့လို့ ၊ သူ့အပေါ် စိမ်းကားခြင်းကို ပြုခဲ့လို့ ခါးခါးသီးသီး မုန်းပစ်မယ်လို့
ကြွေးကြော်ခဲ့သမျှက ကိုကို့မျက်နှာထက်
မျက်ရည်စများ မြင်လိုက်ရသည်နှင့်
ရင်ထဲက အမုန်းစိတ်တွေဟာ ဗလာနတ္ထိ။
သူ့ကို ရသ မျိုးစုံ ခံစားရအောင် လုပ်ခဲ့တဲ့
ဆိုးသွမ်းသူလေး ကိုကိုကတော့
ရင်ခွင်ထဲ နှစ်ခြိုက်စွာ အိပ်လို့နေလေသည်။
အိပ်နေရင်းမို့ စုလုံးစွာ ပိုထွက်နေသော
နှုတ်ခမ်းဖူးလေးကို အသံမြည်ရုံ ဖိကပ်နမ်းလိုက်သည်။
"အင်"
နိုးလာပြီထင်ပါသည်။အိပ်ချင်မူးတူး အသံလေး
ကိုကို့ဆီမှ ထွက်လို့လာခဲ့သည်။
"အို့...အို့..."
သူ့ရင်ဘတ်ပေါ် ရောက်နေသော
ကိုကို့ လက်သည် ကလေးချော့သိပ်သလို
ပုတ်ကာ၊ပုတ်ကာ ပြုလုပ်လာသည့်အခါ
Jungkook ရီချင်သွားသည်။အခု သူ့ကို သားနဲ့ မှားနေတာလား?
💘 Part-51 💘
Start from the beginning
