"ဟင်းးး....ကိုကို လည်း ဆိုးလာတာပဲ "
"မင်းက ပိုဆိုးတယ်..."
Jungkook ခပ်ရေးရေးလေး ရယ်တော့
ကိုကိုက ဖွဖွလေး ပြုံးသည်။ကိုကိုဝတ်ထားသော
အင်္ကျီအောက်သို့ tattoo အပြည့်နဲ့ လက်ချောင်းများက လျှိုဝင်ပြီး ခါးတစ်ဖက်ရဲ့ ဘေးဘက် အရှိုက်နေရာလေးကို လက်ငါးချောင်းနဲ့ ဖွဖွ၊ဖွဖွ ဆုပ်ကိုင်တော့ ကိုကို့ခါးလေး တွန့်တွန့်သွားသည်။
"ကိုကို...."
"ဟင်"
နဖူးချင်းဆိုင်ထားရင်း Jungkook က နူးနူးညံ့ညံ့ခေါ်တော့ jimin က အသံကြည်ကြည်လေး ပြန်ပြုသည်။
Jungkook သည် jiminခါးကို ဆွဲကပ်လိုက်တော့
ရင်ဘတ်ချင်းထိသွားသည်။
"နတ်ပြည် တက်ကြမလား?..."
Jimin နှုတ်ခမ်းလေး ဘေးသို့ ကွေးညွှတ်စွာ ပြုံးမိသည်။ထို့နောက် Jungkook ကို ရွှန်းလဲ့နေသော
မျက်လုံးများနဲ့ စိုက်ကြည့်ပြီး
"ခေါ်သွားပေးလေ...."
စကားအဆုံး Jungkook က တစ်ချက်ပြုံးပြီးသည်နှင့် jiminကို မေးဖျားမှ မော့စေကာ
စတင်နမ်းရှိုက်တော့သည်။အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းကို မြန်ဆန်စွာ ကူးလူးပြီး တစ်လှည့်စီ နမ်းနေသည်မှာ အချိန်ကြာလာတော့
အင်ဂျင်နီယာလေးသည် ကကြိုးလေးခန္ဓာကိုယ်အား ထိုင်နေသော ဆိုဖာခုံပေါ် လဲချသည်။
အနမ်းများလဲ မပြတ်စေပဲ ကကြိုးလေးရဲ့ ဝတ်ထားသော pajamas က ကြယ်သီးများအား
မြန်ဆန်စွာ ဖြုတ်ပြီး ချွတ်သည်။အင်္ကျီ ကင်းလွတ်သွားသော ကကြိုးလေး ခန္ဓာကိုယ် အပေါ်ပိုင်းအား tattoo အပြည့်နဲ့ လက်တစ်ဖက်က ပြေးလွှားဆော့ကစားနေသည်။နှုတ်ခမ်းချင်း နမ်းနေသည်ကို ခေတ္တရပ်ပြီးနောက် အင်ဂျင်နီယာလေးသည် သူဝတ်ထားသော တီရှပ်လက်တို အနက်ရောင်ကို ခါးမှဆွဲတင်ကာ ချွတ်ပြီး
အခန်းထဲ လွှင့်ပစ်လိုက်သည်။
ဤသို့ ဤသို့နှင့် အကာအရံ အထပ်ထပ်ကို ဖယ်ရှားပြီးတဲ့နောက် အချစ်ခရီးမစတင်ခင်
အင်ဂျင်နီယာလေးသည် ကကြိုးလေးရဲ့ လည်တိုင်၊ညှပ်ရိုး၊ရင်ဘတ်နေရာတို့ကို နေရာလွတ်မကျန် အနမ်းပေးသည်။ဗိုက်သားပြင်ချပ်ချပ်ကိုလည်း အနမ်းပေးသည်။ဖြူဖွေးနေသောဗိုက်သားပြင်ထက် နေရာယူလို့ထားသည့်
ကန့်လန့်ဖြတ် ချုပ်ရိုးကြောင်း အမာရွတ်နေရာအား နှုတ်ခမ်းပါးတို့နဲ့ ဖွဖွပွတ်ဆွဲပြီး မြတ်နိုးစွာ နမ်းသည်။
💘 Part-51 💘
Start from the beginning
