💘 Part-51 💘

Start from the beginning
                                        

Jimin သည် Jungkook လည်တိုင်ကို လက်နှစ်ဖက်ဖြင့် ဖက်ထားရင်း ရင်ခွင်ဆီ မျက်နှာအပ်ကာ
တသိမ့်သိမ့်ရှိုက်ကာ ငိုတော့သည်။jungkook
Jimin ကျောပြင်လေးကို ပွေ့ဖက်ထားလိုက်သည်။နှစ်တွေကြာပြီးမှ ပထမဆုံးအကြိမ် ကိုကို့ကိုယ်လုံးလေးကို အမုန်းစိတ်နဲ့ မဟုတ်ပဲ ပြန်လည်ထွေးပွေ့ခဲ့ခြင်း။

"အကို့ကို ခွင့်လွှတ်လိုက်ပြီပေါ့။အင့်!
ချစ်နေတုန်းပဲ ...ပေါ့ "

မျက်ရည်စများ ကျနေရင်း မေးနေသော
ကိုကို့မျက်နှာကို ကြည့်ရင်း Jungkook ခေါင်းငြိမ့်ပြလိုက်သည်။

"မငိုပါနဲ့။ ကျွန်တော်လည်း ရှိနေပြီမို့
အားငယ်ပြီး ထပ်မငိုပါနဲ့။ကျွန်တော်တို့ ထပ်ပြီး
မခွဲတော့ဘူး"

Jungkook သည် jimin ပါးပြင်ပေါ်က မျက်ရည်စများကို လက်မဖြင့် ညင်သာစွာ သုတ်ဖယ်ပေးရင်း ဆိုလာသည်။jimin အပြုံးလေး ပြုံးပြလိုက်သည်။

"အင်း.....ဒုတိယအကြိမ်ဆိုတာ မရှိလာစေရဘူး။
ချစ်တယ်.... jungkook "

Jimin သည် Jungkook နှုတ်ခမ်းကို ဖွဖွလေး ဖိကပ်ပြီး ထိုစကားကို နူးနူးညံ့ညံ့လေးဆိုသည်။
Jungkook  ကိုကို့ပါးပြင်လေးကို လက်ဖဝါးဖြင့်
အုပ်ကိုင်ရင်း

"ကျွန်တော်ရယ်၊ကိုကိုရယ်၊သားရယ်
ဘယ်တော့မှ မဝေးတော့ဘူး။ပျော်ရွှင်တဲ့ မိသားစုလေးအဖြစ် နေသွားကြမယ်"

"အရမ်းချစ်တယ် ...."

Jungkook ခေါင်းငြိမ့်ပြလိုက်တော့
ကိုကိုက သူ့အား ပြန်ဖက်လို့လာသည်။
Jungkook လည်း jimin ကို ခါးနေရာမှ သိုင်းဖက်ထားရင်း jiminရဲ့ လည်ပင်းနေရာဆီ မျက်နှာအပ်လို့ထားသည်။တစ်ယောက်ကိုယ်ငွေ့ တစ်ယောက်ဆီ ကူးပြောင်းသည်အထိ ပွေ့ဖက်လို့အပြီးမှာတော့ မျက်လုံးချင်းဆုံစေကြသည်။jungkookရဲ့ ညှို့မျက်ဝန်းတွေက jiminရဲ့ ရွှန်းစိုသော မျက်လုံးများကို စိုက်ကြည့်သည်။အကြည့်တွေဟာ ရင်ခုန်လှိုက်မောစေသည်။

ကြည့်နေရင်း နှစ်ယောက်လုံး ပြိုင်တူ မျက်နှာတိုးကပ်သွားကြပြီး နှုတ်ခမ်းသားချင်း ထိလိုက်သည်။အစပိုင်းမှာတင် တစ်ယောက်နှုတ်ခမ်း 
တစ်ယောက်က အပြန်အလှန် ဆွဲစုပ်ယူကြသည်။
နှစ်တွေလွန်ပြီးမှ၊အလွမ်းဒဏ်ရာတွေ ခံခဲ့ရပြီးမှ
ပြန်လည် ရရှိခဲ့သော အနမ်းများက သေချာပေါက် နူးညံ့မနေပါ။jungkookရဲ့ လည်တိုင်ကို လက်နှစ်ဖက်ဖြင့် ဖက်ထားရင်း
Jiminက နမ်းသည်။jimin ရဲ့ ခါးကျင်ကျင်ကို
Tattoo အပြည့်နဲ့ လက်တစ်ဖက်က တွယ်ဖက်ထားပြီး ကျန်လက်တစ်ဖက်က jiminရဲ့ ခေါင်းနောက်ကို ထိန်းရင်း Jungkook က နမ်းသည်။
နှစ်ယောက်လုံး အသက်ရှု ကြပ်လာပြီဆိုမှ ပြိုင်တူ လွှတ်ပေးကြရင်း နဖူးချင်းဆိုင်ထားကြသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now