"အကို့ကို အရမ်းမုန်းနေတယ်ဆိုလည်း
မင်းနဲ့ ဝေးဝေးမှာ နေပေးပါ့မယ်။နောက်ထပ်လူကိုတော့ ထပ်ပြီး မချစ်လိုက်ပါနဲ့။အတ္တကြီးတယ်ပြောလည်း လက်ခံတယ်။မင်းကို ဘယ်သူ့လက်ထဲမှ ထည့်မပေးနိုင်ဘူး .... Jungkook "
"..........."
"မင်း မမြင်ချင်ရင် သားနဲ့ အကို
မင်းရှေ့ပေါ်မလာအောင် နေပေးမယ်"
"ထပ်ပြီး ရှောင်ပြေးမလို့လား?"
"ဟင်"
ခေါင်းငုံ့ရင်း ရှိုက်ငိုကာ ပြောနေသော jiminသည်
Jungkook ပြောစကားကြောင့် မော့ကြည့်လို့လာခဲ့သည်။
"ထပ်ပြီး ရှောင်ပြေးဦးမလို့လားလို့....ကျွန်တော့်ဆီကနေ"
"........."
"ပထမတစ်ခါက ကြုံလာတဲ့ အခက်အခဲ ကို ခင်ဗျား တစ်ယောက်ပဲ ရင်ဆိုင်ပြီး ထွက်ပြေးခဲ့တာရဲ့ အကျိုးဆက်က ဘာရခဲ့လဲ?ကျွန်တော်တို့နှစ်ယောက်လုံးအတွက် ဆုံးရှုံးမှုတွေ ကြည့်ပဲ ရခဲ့တာမလား?"
".........."
"အခုရော ထပ်ပြီး ရှောင်ပြေးဦးမလို့လား?"
"မဟုတ်ဘူး! မင်း အနားမှာ အမြဲ ရှိချင်ခဲ့တဲ့သူပါ။အခုဟာက မင်း အကို့ကို မုန်းနေတာကို
သိလို့-"
မထင်မှတ်ထားသော ဖြစ်ရပ်ကြောင့်
Jiminရဲ့ ပြောလက်စ စကားများ ရပ်သွားသလို၊
တစ်ကိုယ်လုံးပင် အေးစက်သွားသလို ခံစားလိုက်ရသည်။အကြောင်းမှာ အင်ဂျင်နီယာလေးက
သူ့နှုတ်ခမ်းကို တယုတယလေး ဖွဖွဖိကပ်လိုက်ခြင်း။
"ကျွန်တော့်ကို ကကြိုးတွေနဲ့ စွဲလမ်းတတ်အောင် လုပ်ပြီး
ချစ်တတ်လာအောင် လုပ်ခဲ့တဲ့သူ။
အခုလည်း မျက်ရည်လေးတွေ ဝဲပြပြီး
အတိတ်က နာကျင်ခဲ့ရတဲ့ ဒဏ်ရာတွေကို
မေ့ပျောက်ပြီး ခွင့်လွှတ်လာအောင် လုပ်ခဲ့တဲ့သူ။
ဆိုးခဲ့တဲ့သူက ကျွန်တော်မဟုတ်ပဲ ကိုကိုပါဗျာ"
"........."
"အရမ်းဆိုးတဲ့ ကိုကို့ကို ကျွန်တော်လည်း ချစ်နေတုန်းပါပဲ ......"
"အင့်!"
ဝမ်းသားလုံးစို့တယ်လို့ပဲ ပြောရမလား။
ရှိုက်တင်လိုက်မှုက လည်ချောင်းဝမှာတင် ရပ်တန့်လို့နေကာ ငိုလို့ မဝသေး။အခု အင်ဂျင်နီယာလေးက သူ့ကို ခွင့်လွှတ်လိုက်တာလား?ပြန်တွေ့စဉ်ကတည်းက ခင်ဗျား ဟု သုံးခဲ့သော အသုံးအနှုန်းကြောင့် jimin ရင်နာခဲ့ရပေမယ့် အခု ကိုကို လို့ ပြန်ခေါ်လာပြီဖြစ်သည်။
💘 Part-51 💘
Începe de la început
