အစောပိုင်း အချိန်မှာတုန်းက ပူပြင်းတောက်လောင်နေခဲ့သော အင်ဂျင်နီယာလေးရဲ့ ဒေါသ၊အမုန်းစိတ်များသည် သားဟာ သူ့သွေးသားရင်းမှန်း ပြောပြလာသည့်အခါ မီးကို ရေနဲ့ ငြှိမ်းလိုက်သကဲ့သို့ ငြိမ်သက်သွားသည်။ရင်ထဲမှာလည်း ကြည်နူးအေးချမ်းမှုလေးကို ခံစားလိုက်ရသည်။
"မင်း မယုံကြည်နိုင်သေးတာမှန်း အကို သိပါတယ်။ဒါပေမယ့် အခု ပြောပြခဲ့တာတွေက အမှန်တရားတွေပဲ ... Jungkook ။ သားက မင်းရဲ့ သွေးသားအရင်းပဲ"
Jungkook သည် ပုံမှန် မျက်လုံးဝိုင်းများနဲ့သာ ငေးကြည့်နေခဲ့သည်။jimin စိတ်ထဲ အားငယ်ဝမ်းနည်းစိတ်ဟာ လှိုက်တက်လာခဲ့သည်။jungkookဘက်က သားကို လက်မခံမှာကို အရမ်းစိုးရိမ်ပါသည်။
"အကို့ကို မုန်းတယ်ဆိုပြီး သားကိုတော့
မမုန်းပါနဲ့။သားက မင်းကို ဖုန်းထဲက မြင်ဖူးကတည်းက သူ့ဒယ်ဒီမှန်း ဦးနှောက်လေးထဲ မှတ်ထားခဲ့တာ။အ့ကြောင့်မို့လည်း စတွေ့တုန်းက မင်းကို သူ့ဒယ်ဒီဆိုပြီး ခေါ်ခဲ့တာ"
"..........."
"မိန်းကလေးတွေနဲ့လည်း ထပ်ပြီး မပတ်သက်ပါနဲ့။အကို မခံစားနိုင်ဘူး .. Jungkook "
"............"
Jungkook ဘက်က တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည့်အခါ jimin မျက်ရည်များ ပြန်ကျလာကာ
ငိုမိပြန်သည်။အခု အင်ဂျင်နီယာလေးက သူ့ကို မယုံနေတာလား?
"မင်း မယုံဘူးလား? မယုံရင် ဆေးရုံ သွားပြီး
သားကိုရော၊ငါ့ကိုရော DNA စစ်လို့ ရတယ်။
မင်းကတော့ ထပ်ပြီး ဘယ်သူနဲ့မှ မပတ်သက်ပါနဲ့။မင်းကို ထပ်ပြီး အဆုံးရှုံးမခံနိုင်ဘူး။ထပ်ပြီးလည်း မဝေးချင်တော့ဘူး ...အင့်!"
မိမိပေါင်ပေါ်မှာ ထိုင်နေရင်း မျက်ရည်များ
ပြန်ကျလာသော jimin ကို Jungkook ကြည့်နေမိသည်။ကြုံဆုံခဲ့ရတဲ့ နေ့ရက်ဆိုးတစ်ခုက ဦးနှောက်ထဲ အပြည့်နေရာယူလို့ထားကာ
ယုံသင့်၊မယုံသင့် ဆုံးဖြတ်နေမိသည်။ဦးနှောက်အသိကို ကျော်လွန်ပြီး နှလုံးသားစကားကို
Jungkook နားထောင်ကြည့်မိသည်။တဒိတ်ဒိတ် ခုန်နေသော နှလုံးသားက ကိုကို့စကားကို
နားထောင်ခိုင်းနေသည်လား?
💘 Part-51 💘
Zacznij od początku
