Jimin မေးရိုးများ တင်းသွားသလို
ရင်ဘတ်ထဲက စို့နင့်မှုသည်လည်း အပြင်သို့
တွန်းကန်ထွက်လာမည့်အတိုင်းပင်။
Jungkook .....သူ ဘယ်လို စကားတွေ ပြောနေတာလဲ?
"သွားပြီနော်....ကလေး!
အိမ်ရောက်ရင် မင်းပါးပါးကို မေးထားဦး။
အဖေအရင်းက ဘယ်သူလဲဆိုတာ "
နှုတ်ခမ်းတစ်ဖက် အပေါ်ဘက်သို့ ကွေးညွှတ်စွာ
ပြုံးပြပြီး ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ
ထွက်သွားပါသော သူ့ရဲ့ အင်ဂျင်နီယာလေး။
Jungkook ထွက်သွားပြီဆိုမှ jimin အသက်ဝဝရှူမိတော့သည်။သားကို ချီထားရာမှ မြက်ခင်းပြင်ပေါ် ချပြီး မိမိကိုယ်တိုင်လည်း ဒူးထောက် ထိုင်ချလိုက်သည်။သားသည် မျက်ရည်များဝဲနေသော
သူ့ကို ရွှန်းစိုသော မျက်လုံးဝိုင်းလေးများနဲ့
ငေးကြည့်နေခဲ့သည်။jimin သားခန္ဓာကိုယ်လေးကို သိမ်းကြုံးဖက်မိတော့သည်။
"ပါးပါး ! ငိုနေတာလားဟင်"
"မဟုတ်...ပါဘူး။ပါးပါး သားကို ဖက်ထားချင်လို့"
"သားသား ပြန်ဖက်ထားမယ်နော်...."
သားသည် သူ့ရဲ့ လက်သေးသေးလေးများနဲ့
Jimin ကျောပြင်ကို ဖက်လာသည်။မျက်ရည်များကြားမှ သားရဲ့ ချစ်စဖွယ် အပြုအမူလေးကြောင့်
Jimin ပြုံးမိပါသေးသည်။
"ပါးပါး"
"အင်ဟင်"
သားက ခေါ်လာသည်မို့ jimin မျက်ရည်စများ
သုတ်ပြီး သားကို ဖက်ထားရာမှ မျက်နှာချင်းဆိုင်လိုက်သည်။
"ခနက ဦးဦးက သား ဒယ်ဒီ ဟုတ်ဘူးလားဟင်"
"........"
"သားသားက ဒယ်ဒီထင်သွားတာ။ပါးပါး ဖုန်းထဲက ဒယ်ဒီနဲ့ တူလို့လေ"
"တူတယ်လား?ပါးပါး အထင် မတူပါဘူး "
"ဟင်"
သားက နားမလည်သလိုလေး ဖြစ်သွားသည်။
ဘောင်းဘီထဲက ဖုန်းကို ထုတ်ပြီး Jungkook ပုံကို သားရှေ့ ပြလိုက်သည်။
"ဒီမှာလေ!သား ဒယ်ဒီက ပြုံးပြုံးလေး။
ခနက ဦးဦးလို မဟုတ်ဘူး။ပြီးတော့ ခနက ဦးဦးမှာ မျက်နှာက သံသီးနဲ့ သံကွင်းတွေ တပ်ထားတာ သားသား မြင်တယ် ဟုတ်"
💘 Part-49 💘
Comenzar desde el principio
