အခန်းထဲရောက်သည်နှင့် အခန်းတံခါးကို မှီကာ
Jimin ကြမ်းပြင်ပေါ်သို့ ထိုင်ချမိသည်။မျက်လုံးများဟာ ရေသေလို ဖြစ်နေပြီး အတွေးတွေကတော့ ယောက်ယပ်ခပ်စွာ ကျဲပြန့်နေသည်။
နားထဲ ပြန်ကြားယောင်လာသည့် hyungရဲ့ စကားများနဲ့ hyungရဲ့ လုပ်ရပ်များက သူ့အား တုန်လှုပ်ခြောက်ခြားစေသည်။
အခန်းတံခါးကို ဆွဲဖွင့်လိုက်ပြီး
အိမ်ထဲကနေ ခြံဝင်းထဲမှာ ရှိနေသည့် သူ့ရဲ့ အင်ဂျင်နီယာလေးကို လှမ်းကြည့်နေလိုက်သည်။
စာအုပ်လေး ဖတ်ရင်း သဘောတကျပြုံးရယ်နေတဲ့ သူ့ရဲ့ အင်ဂျင်နီယာလေးက အေးချမ်းစွာ ပြုံးနေခဲ့သည်။အင်း...သူ့ရဲ့အင်ဂျင်နီယာလေး ဒီလိုလေး ပြုံးရယ်နေတာကို မြင်ရတာ jiminစိတ်ကို ပျော်ရွှင်စေသည်က အမှန်။
တီ တီ တီ
လက်ထဲက ဆုပ်ကိုင်ထားသော ဖုန်းသည်
အသံမြည်လို့လာသည်။ဖုန်း contact name ကိုကြည့်ပြီး jimin အံကို ခပ်တင်းတင်း ကြိတ်ထားမိသည်။
"ပြောပါ"
"ဖုန်းကိုင်သေးသားပဲ"
"လိုရင်းကိုပဲ ပြောပါ"
"Okayလေ!စဉ်းစားပြီးပြီလား?"
"ကျွန်တော့်ဘက်က လက်မခံခဲ့ရင်ရော"
"ဒါဆိုရင်တော့ ကိုယ်တို့နှစ်ယောက် တွေ့တဲ့အချိန်တုန်းက ပြောခဲ့တဲ့ အတိုင်း ကိုယ် ဆက်လုပ်ရမှာပဲ။အဆုံးသတ်မှာ မင်း ကိုယ့်ဆီပဲ ရောက်လာမှာ"
"Hyung!"
"ဖြေ!မင်လေး....yes or no "
ခြံဝင်းလေးထဲက Jungkook ကို
လှမ်းကြည့်ပြီး jimin ရင်ထဲ ဗလောင်ဆူစွာ ခံစားနေရသည်။မိမိအင်္ကျီ ခါးစကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီးနောက်
"တစ်လ!တစ်လ အချိန်ပေး။
တစ်လ ပြီးရင် ကျွန်တော် ကိုယ်တိုင် hyungဆီ
လာခဲ့မယ်"
"တစ်လလား?"
"ကတိပေးတယ်။တစ်လ ပြည့်တဲ့နေ့ ကျွန်တော် ချက်ချင်း ရောက်လာခဲ့မယ်"
"ဟုတ်ပြီလေ။ကိုယ် စောင့်ကြည့်နေမယ်။
တစ်လမပြည့်ခင် မင်လေးဘက်က စပြီးသစ္စာဖောက်ခဲ့ရင် -"
"မဖြစ်စေရဘူး။ ယောင်္ကျားကတိ ကျွန်တော် ကိုယ်တိုင် တည်မှာ"
💘 Part-43 💘
Start from the beginning
