💘 Part-43 💘

Start from the beginning
                                        

"ဟိုလူနဲ့ တွေ့ခဲ့တာ အဆင်ပြေလား?"

"ဟမ်..အာ အင်း ပြေတယ် ။ပြေတယ်ရယ်"

ကိုကိုသည် ဖွဖွလေး ပြုံးပြရင်း ပြောသည်။
ဘာရယ်မသိ Jungkook စိတ်ထဲ ကိုကို တစ်ခုခု ဖြစ်နေသည်လို့ ခံစားနေရသည်။

"ကိုကို အဆင်ပြေရဲ့လား?ကိုကို့ကြည့်ရတာ
စိတ်လွတ်နေသလိုပဲ"

"ဟင်! ပြေတယ်။နေလေ ..နေက အရမ်းပူတော့ အကို ပင်ပန်းသွားရုံပဲ"

"အင်း"

"အ့ဆို အကို ခနနားလိုက်ဦးမယ်။
မင်းလည်း ခြံထဲ နေရတာ ပျင်းရင်
အိမ်ထဲ ဝင်ခဲ့တော့နော်"

ထိုစကားကြောင့် Jungkook မျက်လုံးများ
မှိူင်းသွားသလို ကိုကို့ကိုလည်း နားမလည်သလို ကြည့်မိသည်။ကိုကိုက သူအောက်ပိုင်း သေနေတာကို မေ့သွားတာလား?

"ကိုကို"

Jungkook ခေါ်လိုက်တော့ ကိုကိုသည်
အိမ်တံခါးနား ရောက်နေရာမှ လှည့်လို့ကြည့်လာသည်။

"ကျွန်တော် အိမ်ထဲ မဝင်နိုင်ဘူးလေ။
ကျွန်တော့် ခြေထောက်တွေက-"

Jungkook သည် စကားကို ဆက်မပြောပဲ
သူ့ခြေထောက်တွေရှိရာကို ငုံ့ကြည့်သွားမှ
Jimin လုံးလုံး အသိကပ်တော့သည်။jungkookရှိရာ အပြေးသွားရင်း

"အာ...အကို ထပ်ပြီး တောင်းပန်ပါတယ်။
နည်းနည်း အတွေးလွန်သွားလို့ပါ"

"ရပါတယ်။ကိုကို အဆင်ပြေဖို့က အရေးကြီးတယ်။တကယ် အဆင်ပြေရဲ့လား?ဟိုလူက
ဘာတွေ ပြောလိုက်လို့လဲ?"

"ဟင်...hyungကလား?hyungက
ဘာမှ မပြောလိုက်ပါဘူး။ဒီတိုင်း မင်း အကြောင်းနဲ့ အကိုတို့ အိမ်ထောင်ရေးအကြောင်း မေးတာ။"

"အော်...အင်းပါ။ကိုကို နားချင်နားလေ။
ကျွန်တော် စာအုပ်ဖတ်လိုက်ဦးမယ်။ပြီးရင် လှမ်းခေါ်မယ်"

"အင်း.....အကို ခန နားဦးမယ်"

"ဟုတ်"

Jungkook ခေါင်းငြိမ့်ပြလိုက်တော့
ကိုကိုသည် ဖွဖွလေး ပြုံးပြပြီး ထလို့သွားသည်။ထို့နောက် အိမ်ထဲသို့ ဝင်သွားတော့သည်။ကိုကို့ကို ကျောပြင်လေးကို ကြည့်ရင်း Jungkook စိတ်ထဲ မသက်မသာ ဖြစ်နေသော်လည်း သက်ပြင်းမောအဖြစ်သာ ချလိုက်သည်။လက်ထဲက စာအုပ်လေးကို တစ်ဖန် ပြန်လှန်လိုက်သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now