"အင်း"
"သဝန်မတိုတော့ဘူးလား?"
"သဝန်တိုစရာမလိုအောင် ကိုကိုက ကျွန်တော့်ကို
ချစ်ပေးနေတာပဲ။ကျွန်တော် နားလည်ပါတယ်"
"ချစ်လိုက်တာ "
ကိုကိုသည် ဒူးထောက်ထိုင်နေရာမှ
Jungkook အား ပခုံးကနေ သိုင်းကာ ဖက်လို့လာသည်။jungkookလည်း ကိုကို့ကို ခါးလေးမှ သိုင်းကာ ဖက်လိုက်တော့သည်။
"ဒါဆို အကို ခန သွားလိုက်ဦးမယ်။
စာအုပ်ဖတ်ရင်း စောင့်နေ။"
"အင်း....မြန်မြန်ပြန်လာခဲ့"
"ဒါပေါ့။hyungနဲ့ အမြန်စကားပြောပြီးတာနဲ့
သာလိကာလေးဆီ အပြေးပြန်ခဲ့မှာ"
ကိုကိုသည် Jungkook နှာခေါင်းလုံးလုံးလေးကို
လက်ညှိုးနဲ့ လက်မလေး သုံးကာ ဆွဲညစ်လို့လာသည်။jungkook သွားတန်းကလေးများ ပေါ်အောင်သာ ရယ်ပြလိုက်သည်။
ထို့နောက် ကိုကိုသည် သူ့နှုတ်ခမ်းကိုတစ်ချက် ဖိကပ်နမ်းပြီး ခြံဝင်းအပြင် ပုံမှန်ခြေလှမ်းများနဲ့
ထွက်သွားတော့သည်။
ကိုကို့ ကျောပြင်လေးကို မမြင်ရတော့မှ
မိမိပေါင်ပေါ်က ဝတ္ထုစာအုပ်ကို ပထမဆုံး စာမျက်နှာသို့ စတင်လှန်လိုက်တော့သည်။
ဝတ္ထုရဲ့ ဇာတ်သိမ်းပိုင်း ရောက်ခါနီးမှာတော့
ကိုကိုပြန်လာနေသည်ကို လှမ်းကာ မြင်နေရသည်။လက်ထဲက ကိုင်ထားသော စာအုပ်ကို ပိတ်လိုက်ပြီး ခြံဝင်းထဲ ဝင်လာသော ကိုကို့အား
Jungkook ပြုံးပြရင်း ခေါ်လိုက်သည်။
"ကိုကို"
ကိုကိုသည် သူ့ခေါ်သံကို မကြားသည်လား မပြောတတ်၊ မျက်လုံးအကြည့်များလည်း ရောက်မလာပဲ အိမ်ထဲ သို့ တန်းဝင်တော့မည့် ပုံမို့
Jungkook အသံနှုန်းမြှင့်ကာ ထပ်မံခေါ်လိုက်သည်။
"ကိုကို!"
"ဟင်"
နှစ်ကြိမ်မြောက်ခေါ်မှ ကိုကိုသည် 'ဟင်'ပြုကာ
အိမ်တံခါးဝရောက်နေရာမှ သူ့အား လှည့်ကြည့်လို့လာသည်။
"အာ... Jungkook ။sorry!အကို သတိမထားမိလိုက်ဘူး"
ခြံဝင်းထဲ မိန့်မိန့်ကြီး ရှိနေတဲ့ သူ့ကိုပင်
သတိမထားမိလောက်အောင်ထိ ကိုကိုက စိတ်လွတ်နေခဲ့တာလား?
💘 Part-43 💘
Start from the beginning
