"Jungkook နဲ့ ပတ်သက်ပြီး ကိုယ့်မှာ ပြောစရာရှိနေတယ် ဆိုရင်ရော"
"ဘယ်လို?"
"ကိုယ် စကားတွေ အများကြီး မပြောချင်ဘူး ..မင်လေး။နောက် နာရီဝက်အတွင်း ရောက်အောင် လာခဲ့နော်။ကိုယ် ဖုန်းချပြီ"
Hyung ဘက်က အရင် ဖုန်းချလို့ သွားခဲ့သည်။
ဖုန်းထဲက location နေရာကို ကြည့်ကာ
Jimin သွားရနိုး၊မသွားရနိုး စဉ်းစားနေမိသည်။
Jungkook နဲ့ ပတ်သက်ပြီး ဆိုသည့် စကားကို
ပြန်ကြားယောင်မိတော့ သွားဖို့သာ ဆုံးဖြတ်လိုက်သည်။
ခြံထဲကို စာအုပ်ကိုင်ရင်း jimin ထွက်လာတော့
အင်ဂျင်နီယာလေးသည် ပတ်ဝန်းကျင်ရဲ့ အေးချမ်းမှုကို ခံစားနေရာမှ သူ့ကို မြင်သည့်အခါ
ကြည့်လာပြီး အပြုံးချိုချိုလေး ပြုံးပြသည်။jimin ပြန်ပြုံးပြလိုက်ပြီး အင်ဂျင်နီယာလေးအနီး လျှောက်သွားကာ ဒူးထောက်ထိုင်ချလိုက်သည်။
"Jungkook "
"အင်း"
"အကို သွားစရာလေးရှိလို့"
Jungkook သည် jiminကို ခေတ္တတော့ ကြည့်ပြီး
ခေါင်းလေး ငြိမ့်ပြခဲ့သည်။
"အင်း...သွားလေ"
Jimin မျက်မှောင်လေး ကြုံ့မိသွားသည်။
ဘယ်သွားမှာလဲ?ဘယ်သူနဲ့ တွေ့မှာလဲ မမေးတော့ဘူးလား?
"ဘယ်သွားမှာလဲလို့ မမေးတော့ဘူးလား?"
Jimin မေးလိုက်တော့ Jungkook က
မျက်လုံးကြည်ကြည်လေးနဲ့ ဦးဆုံးကြည့်ပြီးမှ
ပါးချိုင့်လေးများ ပေါ်အောင် ပြုံးပြန်သည်။
"ကိုကို့ကို ကျွန်တော် ယုံလို့ မမေးတော့တာလေ။
မေးစေချင်တာလား?"
"အဲ့လိုရယ်လည်း မဟုတ်ပေမယ့် မင်းက အကို့ အမျိုးသားလေ။မေးရမယ် မဟုတ်ဘူးလား?"
"ဟုတ်ပါပြီ။ဒါဆို ပြောပါဦး....
ကိုကိုက ဘယ်သွားမလို့လဲ?"
Jungkook က လေးနက်သည့် ပုံစံနှင့် မေးလာသည်မို့ jimin လည်း Jungkook မျက်လုံးကြည်ကြည်လေးများကို သေချာ စိုက်ကြည့်ရင်း
"Hyungနဲ့ သွားတွေ့မှာ။သူ အကိုတို့ ဒီရောက်နေတာကို သိတယ်။အကိုလည်း မသွားချင်ပေမယ့်
မင်းနဲ့ ပတ်သက်တာ ပြောပြစရာရှိတယ်ဆိုလို့
သွားတွေ့ချင်တယ်။မင်း accident ဖြစ်တာနဲ့
ပတ်သက်ပြီးများ တစ်ခုခု ပြောစရာရှိနေတာလားလို့လေ"
💘 Part-43 💘
Start from the beginning
