ကိုကိုသည် အင်္ကျီ ချွတ်ပေးပြီးနောက်
ယူလာသော ချည်သားအင်္ကျီလေးကို ဝတ်ပေးသည်။
"ဘောင်းဘီရော လဲပေးမှာမလား?"
ကိုကိုသည် မျက်နှာကလေးရဲရင်း
ခေါင်းလေးငြိမ့်ပြလာသည်မို့ Jungkook တိတ်တခိုးလေး ရယ်မိပါသေးသည်။
ဒီလို လဲပေးလာတာ ဘယ်လောက်ကြာနေပြီလဲ။
ခုထိ ကိုကိုက ရှက်နေတုန်းပင်။မမြင်ဖူးတဲ့ အရာတွေလည်း မဟုတ်။
Jungkook ဝတ်ထားသော ညအိပ်ဘောင်းဘီလေး လုံးဝကင်းလွှတ်သွားသည်နှင့် ကိုကိုသည်
မျက်လုံးကို ပိတ်ပြီး မျက်နှာကို ဘေးသို့ လွှဲသွားတော့သည်။
"ဘောင်းဘီအပေါက်တွေတော့ မှားဝတ်ကုန်တော့မှာပဲ..."
Jungkook ကပြောတော့ ကိုကိုသည်
Boxer အား ကိုင်ထားရင်း သူ့ကို ကြည့်လာသည်။
"မျက်လုံးဖွင့်ပြီး ဝတ်ပေးမှ ရမှာပေါ့။
ကိုကိုက အဲ့လို ပိတ်ထားတော့ ဘယ်လိုလုပ် မြင်ရမလဲ။ကျွန်တော်က လှုပ်နိုင်သေးတာလဲ မဟုတ်ဘူး"
"အင်း ..အင်းပါ။အကို ဖွင့်ဝတ်ပေးပါ့မယ်"
ဒီတစ်ခါတော့ မျက်လုံးမပိတ်တော့ပဲ
သူ့ခြေချောင်းများဆီမှ boxerကို အရင်လျှိုသွင်းစေပြီး ခြေသလုံးမှ ဒူး၊ဒူးကနေ ပေါင်လယ်လောက်ထိ ရောက်သည့်အခါမှာတော့
ကိုကို့မျက်လုံးများ တိကနဲ ပိတ်ကျသွားပြီး
"ကိုယ်ကို နည်းနည်းကြွပေး!"
"ဒီလောက်ဆို ရလား?"
မွေ့ယာကို လက်ထောက်ပြီး ကိုယ်ကို
အနည်းငယ်ကြွပေးလိုက်မှ boxerသည် သူ့ခါးထက် ချောချောမွေ့မွေ့ ရောက်လာခဲ့သည်။ထို့နောက် ချည်သားဘောင်းဘီလေးကိုလည်း
ရှေးနည်းတူ ဝတ်ပေးပြီးနောက် အဝတ်အစား လဲပေးခြင်း ပြီးဆုံးပင် ဖြစ်သည်။
"မနက်စာ ယူခဲ့ရမလား?အပြင်ဘက် ထွက်စားမလား?"
"အပြင်ဘက်မှာ ကိုကိုနဲ့ တူတူစားမယ်"
"အင်း...ခနနော်"
ခနနော် ဟု ဆိုကာ ကိုကိုသည် သူလဲထားပြီးသော
ညအိပ်ဝတ်စုံကို ရေချိုးခန်းထဲ ယူလို့သွားသည်။
ထို့နောက် အခန်းထောင့်က wheel chair ကို ယူကာ မွေ့ယာနားထိ တွန်းကာ ယူလာသည်။
💘 Part-42 💘
Start from the beginning
