"နိုးပြီပေါ့။အကို မျက်နှာသစ်ဖို့ ယူလာပေးမယ်"
ရေချိုးခန်းထဲ အရင်ဝင်ကာ ရေဇလုံတစ်ခု၊ဖန်ခွက်အကြီးတစ်ခုထဲ ရေအပြည့်ထည့်ပြီး၊တဘတ်တစ်ထည်ကို အရင်ယူသည်။ပြီးမှ သွားတိုက်တံကို သွားတိုက်ဆေးထည့်ကာ ယူခဲ့လိုက်သည်။
"ရော့..သွားတိုက်လိုက်ဦး"
သွားတိုက်တံကို Jungkook လက်ထဲ အရင်ထည့်ပေးထားပြီး စောင့်နေလိုက်သည်။အချိန်ခနကြာပြီးနောက် Jungkook ဘက်က သွားတိုက်ပြီးသည့်အခါ ဖန်ခွက်ထဲက ရေနဲ့ ပလုတ်ကျင်းစေကာ ရေဇလုံထဲ ထွေးချစေသည်။သွားတိုက်တံကိုပါ တစ်ခါတည်း ယူလိုက်ပြီး
"ခနနော်။ရေတွေ သွားသွန်လိုက်ဦးမယ်"
"အင်း"
Jungkook ကို ပြောပြီးသည်နှင့်
ရေဇလုံနဲ့ ဖန်ခွက်ကို ပြန်ယူပြီး ရေချိုးခန်းထဲပြန်ဝင်ရသည်။ပလုတ်ကျင်းထားသော ရေတို့အား
ရေချိုးခန်းထဲက ဘေစင်ထဲ သွန်ကာ ဇလုံကိုတော့ သန့်အောင် ဆေးပြီး နံရံကပ်စင်လေးပေါ် တင်ထားလိုက်သည်။မျက်နှာသစ်ဖို့ရာ ကျန်သေးတာမို့ မိမိပခုံးပေါ်က တဘတ်ကို ရေစွတ်ပြီး တဘတ်နောက်တစ်ထည်ယူကာ ပြန်ထွက်ခဲ့သည်။
ထို့နောက် Jungkook အနား ပြန်သွားထိုင်ပြီး
မျက်နှာချောချောလေးအား ရေစွတ်ထားသော
တဘတ်နဲ့ ညင်သာစွာ လိုက်သုတ်ပေးနေမိသည်။
အင်ဂျင်နီယာလေးသည် သူလုပ်ပေးသမျှကို
မြတ်နိုးခြင်းအပြည့် မျက်လုံးဝိုင်းလေးများနဲ့
ငေးကြည့်နေခဲ့သည်။ရေစိုတဘတ်နဲ့ သုတ်သင်ပေးပြီးနောက် တဘတ်အခြောက်နဲ့ ပြန်သုတ်ပေးပြီးနောက် မျက်နှာသစ်ပေးခြင်းအမှု ပြီးဆုံးပင် ဖြစ်သည်။
"အင်္ကျီလဲဦးမှာလား?"
"လဲမှာ"
Jungkook ပြောတော့ ကိုကိုသည်
ဗီရိုဆီ သွားကာ သူ့အတွက် အဝတ်အစား ရွေးပါတော့သည်။ထို့နောက် ချည်သားဝမ်းဆက်
လေးကို လက်ထဲ ယူလာပြီး သူ့အနား ပြန်ရောက်လာသည်။
"လာ!အင်္ကျီ ချွတ်ပေးမယ်"
အင်္ကျီက ကိုယ့်ဘာသာ ချွတ်လို့ ရသော်ငြား
ကိုကို့ရဲ့ ပြုစုယုယမှုကို ခံချင်တာမို့ Jungkook
ငြိမ်ငြိမ်သာ နေပေးလိုက်သည်။
💘 Part-42 💘
Start from the beginning
