"ဘာဖြစ်လို့လဲ?ဗိုက်ဆာလို့လား?"

"မဆာပါဘူးဗျ။ကိုကို့ကို အနားမှာရှိစေချင်လို့"

ထိုစကားကြောင့် jimin ပြုံးရင်း
Jungkook ကိုယ်ကို ပခုံးမှဖက်ကာ သူ့ရင်ခွင်ထဲ
ထည့်ဖက်ထားမိသည်။ဆေးနံ့သင်းနေသော
အင်ဂျင်နီယာလေးရဲ့ ခေါင်းလုံးလုံးလေးကိုလည်း
တစ်ချက် မွှေးကြူလိုက်သည်။

"သတိရလာကတည်းက အရမ်း လူကပ်တာပဲ"

"ကပ်ရမှာပေါ့။ဒါမှ ကိုကို ကျွန်တော့်ကို စိတ်ပျက်မသွားမှာ"

"အကိုက ဘာလို့ မင်းကို စိတ်ပျက်ရမှာလဲ?"

"ကျွန်တော်က ချို့ယွင်းချက်ရှိနေတဲ့ လူတစ်ယောက်လေ။အဲ့တော့ တစ်ခုမဟုတ် တစ်ခု အတွေးတွေနဲ့ တွေးနေတတ်ပြီး ကိုကို့ကို
ဆုံးရှုံးရမှာ ကြောက်တယ်"

"လျှောက်မတွေးပါနဲ့။မင်းသိထားဖို့က
အကို ချစ်တာ မင်းတစ်ယောက်ပဲဆိုတာ။
ချစ်လွန်းလို့ မင်းနှလုံးသားဆီ ရောက်အောင်
အကို့ဘက်က စလှမ်းခဲ့တာလေ"

"ကျွန်တော် အိပ်ချင်တယ်"

"အင်း...အိပ်လေ။ဖက်ထားပေးမယ်"

အင်ဂျင်နီယာလေးသည် ဒီတစ်ခါတော့
ဖုန်းဆက်သည့် အကြောင်းကို မေးမလာခဲ့ပါ။
Jungkook ဘက်က မေးလာခဲ့ရင်တောင်
Jimin ဘက်က ဖြေဖို့ ဆုံးဖြတ်ပြီးသားပင်။
Jungkook နဲ့ သူ့ကြား လျို့ဝှက်ချက်တွေ မထားချင်။

ကောင်းကောင်းအိပ်စက်ပါ...ကောင်လေးရေ။

..............................................................................

"ကိုကို...ကျွန်တော် နိုးပြီ!"

အိမ်ငယ်လေးအတွင်း Jungkook ရဲ့
အသံကြည်ကြည်လေးက ပျံ့လွင့်လို့ လာခဲ့သည်။
ဒီနေ့နဲ့ဆို Jungkook ဆေးရုံဆင်းလာခဲ့သည်မှာ
တစ်ပတ်ပင် ကျော်လို့လာခဲ့သည်။တစ်ပတ်အတွင်း Jungkook ရဲ့ ဝေယျာဝစ္စ ကိစ္စများကို
Jimin တာဝန်ယူထားရသည်။ထို့ကြောင့် ခြံကိစ္စကိုတော့ ဦးကြီးတို့နဲ့ ခေတ္တ လွှဲလို့ထားသည်။
ဦးကြီးတို့သည်လည်း စိတ်ချရသောကြောင့်
သူတို့ နောက်ဆံမတင်းပဲ စိတ်ချလက်ချ နေနိုင်ခြင်းပင်။

အခုလည်း အင်ဂျင်နီယာလေး နိုးလာရင်
စားဖို့ မနက်စာလေး ပြင်နေစဉ် အိပ်ခန်းထဲဆီမှ ခေါ်သံကို ကြားရသည့်အခါ ကကြိုးလေး
အမြန်ပြေးရတော့သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Место, где живут истории. Откройте их для себя