💘 Part-42 💘

Start from the beginning
                                        

"ဟုတ်....ပြောပါ"

"မေးချင်တာလေး ရှိနေလို့"

"ဘာများလဲ?"

"တကယ် ကိုယ့်ဆီ ပြန်မလာတော့ဘူးလား?"

ထိုစကားကြောင့် jimin သက်ပြင်းချမိ‌တော့သည်။သူ ဘယ်ချိန်ထိ ဒီမေးခွန်းကို
Hyungအတွက် ဖြေပေးရဦးမှာလဲ?

"Hyung..ကျွန်တော် ဖြေပြီးသားပဲလေ။
ကျွန်တော် Jungkook ကိုပဲ ချစ်တာပါလို့။
ပြီးတော့ hyung ဘက်က ဘယ်နှစ်ခါပဲ ထပ်မေးမေး ကျွန်တော် ဒီအဖြေပဲ ဖြေမိမှာ။ကျွန်တော်ချစ်တဲ့သူကို ပစ်ပြီး hyungဆီ ဘယ်လိုလုပ်ပြန်လာနိုင်မလဲ?"

"ကိုယ့်ဘက်က မင်လေးကို ပြန်လာစေချင်နေတာလေ"

"ဖြစ်မှ မဖြစ်နိုင်တာဗျာ"

"Jungkook မရှိတော့ရင်ရော ဖြစ်နိုင်တယ်မလား?"

"Hyung ဘာတွေ ပြောနေတာလဲ?"

Hyungရဲ့ စကားကြောင့် jimin စိတ်ရှုပ်ကာ
မေးမိတော့သည်။hyung စကားက ဘယ်လို အဓိပ္ပာယ် သက်ရောက်သွားပြီလဲ?

"Jungkook ကရော သက်သာလား?
ဘယ်နေရာတွေ ထိခိုက်သွားသေးလဲ?"

Hyungရဲ့ ထပ်ပြောလာသော မေးခွန်းကြောင့်
Jimin ခေါင်းထဲ ဒိန်းကနဲပင် ဖြစ်သွားသည်။
Jungkook ကိစ္စကို hyungက ဘယ်လိုလုပ်သိနေတာလဲ?

"Hyung ဘယ်လို သိတာလဲ?"

"ဘာကိုလဲ?"

"Jungkook ကား accident ဖြစ်တာကို "

"ဒီလိုပါပဲ။ကိုယ်က စုံစမ်းတဲ့နေရာ တော်တယ်လေ"

"Hyung"

"တစ်ရက်တော့ ကိုယ် မင်‌လေးဆီ လာခဲ့မယ်။
အဲ့ချိန်ကျရင် ကိုယ့်ကို လာတွေ့ဖို့ မျှော်လင့်တယ်"

"........."

"ဒါပဲနော်။ကိုယ် ဖုန်းချပြီ"

Hyung ဘက်က ဖုန်းချသွားသည့်တိုင်
Jimin ဆိုဖာခုံနား မတ်တပ်ရပ်မိနေဆဲပင်။
သူ့ဆီ လာတွေ့မယ်ဆိုတော့ hyungက
အခု သူတို့နေနေတဲ့ နေရာကို သိနေတာလား?

"ကိုကို"

"........"

"ကိုကို!"

"ဟင်"

Jungkook ရဲ့ ခေါ်သံလေးက နားစည်ထဲ
တိုးဝင်လာမှ jimin အသိကပ်မိသည်။jungkookအနား ပြန်သွားထိုင်လိုက်ရင်း

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now