💘 Part-42 💘

Mulai dari awal
                                        

"ဒီမှာလေ..."

ခုမှ သဘောပေါက်သွားဟန်ဖြင့် ကိုကိုသည်
မျက်နှာကလေး နီရဲကာ အောက်နှုတ်ခမ်းကို
ကိုက်နေသည်။

"ကိုကို "

"အင်း"

"နမ်းမယ်နော်"

"အင်း"

အင်ဂျင်နီယာလေး လက်တစ်ဖက်သည် ကကြိုးလေးလည်တိုင်ဖွေးဖွေးဆီ ညင်သာစွာ
ရောက်ရှိသွားပြီး မျက်နှာလှလှလေးအနား
အင်ဂျင်နီယာလေး မျက်နှာချောချောသည် ခပ်ဖြေးဖြေး တိုးကပ်သွားသည်။

ကကြိုးလေးသည် အင်ဂျင်နီယာလေးရဲ့ မျက်နှာအနီးကပ်ဆုံးရောက်လာသည့်အခါ သူ့ရဲ့ မျက်လုံးလေးများကို မှေးချပစ်လိုက်သည်။
ကကြိုးလေးလည်တိုင်ကနေ ထိန်းပြီး
အင်ဂျင်နီယာလေးသည် နှုတ်ခမ်းချင်း စတင် ဖိကပ်လိုက်သည်။

နူးညံ့အိထွေးနေသော ကိုကို့နှုတ်ခမ်းကို
စက္ကန့်ဝက်မျှ ဖိကပ်ထားပြီးမှ အောက်နှုတ်ခမ်းကို
ခပ်ဖွဖွ စုပ်ယူသည်။သုံးကြိမ်မြောက် စုပ်ယူနမ်းပြီးမှ အပေါ်နှုတ်ခမ်းကို တစ်ဖန် ပြန်ဆွဲယူကာ နမ်းသည်။နှုတ်ခမ်းနှစ်လွှာကို စုပ်ယူနမ်းလို့ အားရမှ ကိုကို့ခံတွင်းထဲ သူ့လျှာဖျား တိုးဝင်သည့်အခါ အလိုက်သင့်လေး နှုတ်ခမ်းနှစ်လွှာကို ဖွင့်ဟပေးသည်။ဤသို့နှင့် အနမ်းရေယာဉ်ကြောဝယ် မြောပါနေကြသည်မှာ အချိန်တွေ ဘယ်လောက် ကြာသွားလဲ မသိ။ဖုန်း ringtone သံကြားမှ  သိပ်သည်းနေသော အနမ်းများကို
ရပ်ပစ်ခဲ့ကြသည်။

"ခနနော်"

ကိုကိုသည် ကုတင်ပေါ်မှ ဆင်းလို့ သွားကာ
ဆိုဖာခုံရှိရာဆီ သွားပြီး သူ့အိတ်ထဲက မြည်နေဆဲဖြစ်သော ဖုန်းကို ထုတ်လိုက်သည်။jungkookဆေးရုံ ကုတင်ပေါ်ကနေသာ ကိုကို့ကို ကြည့်နေလိုက်သည်။

ဖုန်းဝင်လာသည်က 'hyung'ဆီက ဖြစ်နေသောကြောင့် jimin တစ်ချက်တော့ စိတ်ထဲ မသက်သာ ဖြစ်သွားသည်။jungkookကိုလည်း
ထပ်ပြီး သဝန်မတိုစေချင်သောကြောင့်ပင်။
သို့သော်လည်း ထောက်ထားရမည့် မျက်နှာရှိသေးသောကြောင့် ဖုန်းကို လက်ခံကာ ဖြေလိုက်သည်။

"Hello"

"မင်လေး"

Jimin ဘက်က စပြီး အသံပြုလိုက်သည်နှင့်
Hyungဘက်က သူခေါ်နေကျ နာမည်လေးအား
ငြင်သာစွာ ခေါ်လာသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Tempat cerita menjadi hidup. Temukan sekarang