"ကျောင်းကို လွမ်းသွားပြီလား?"
ဆေးရုံကုတင် ခေါင်းရင်းကို မှီကာ ထိုင်နေသော
Jungkook အနား jimin ဝင်ထိုင်ပြီး မေးတော့
အင်ဂျင်နီယာလေးက ခေါင်းရမ်းပြသည်။သူ မလွမ်းပါဘူးပေါ့။
"မလွမ်းပါဘူး။ကျွန်တော့်အနား ကိုကိုရှိနေပြီပဲ။
ကိုကို မရှိရင်သာ လွမ်းနေရမယ်ထင်တယ်။
အ့ကြောင့် ကျွန်တော့်နားကနေ ဘယ်မှ မသွားနဲ့"
"အကိုက ဘယ်သွားရမှာလဲ?မင်းအနားပဲ
အမြဲ ရှိနေမှာကို "
"သိပါတယ်......ကျွန်တော် ကြားချင်နေလို့ပါ"
"ကြားချင်ရင် နေ့တိုင်း ပြောပေးမှာပေါ့။
Jeon Jungkook ကို အရမ်းချစ်ပါတယ်လို့ ပြီးတော့ ဘယ်မှလည်း မထွက်သွားသလို၊ဘယ်တော့မှလည်း မခွဲပါဘူးလို့"
ကိုကို့စကားကို အင်ဂျင်နီယာလေးက
သဘောကျစွာ ပြုံးသည်။
"မင်း ပြုံးလိုက်တိုင်း ပေါ်လာတဲ့
ဒီပါးချိုင့်သေးသေးလေးတွေကို အရမ်းချစ်တာပဲ"
"ချစ်ရင် အာဘွားပေးလိုက်လေ"
လူလည်ကျနေပါသော အင်ဂျင်နီယာလေးအား
Jimin မျက်စောင်းလေး ခဲလိုက်သေးသည်။
"ပေးမယ်မလား?"
"အင်း"
'အင်း'ဟုဆိုကာ ကိုကိုသည် သူ့ပါးချိုင့်နေရာလေးများကို နှုတ်ခမ်းဖြင့် ခပ်ဖွဖွ နမ်းပေးသည်။
"ကျွန်တော် ပြန်ပေးမယ်"
Jungkook က ပြောပြီးသည်နှင့် jimin ပါးတစ်ဖက်တစ်ချက်စီအား ရွှတ်ကနဲ မြည်အောင် နမ်းသည်။
"မင်း နှုတ်ခမ်းတွေ ခြောက်နေတယ် .. Jungkook "
ကိုကို့စကားကြောင့် Jungkook လက်ဖြင့်
ကိုယ့်နှုတ်ခမ်းကို စမ်းကြည့်မိသည်။ဟုတ်ပါရဲ့။
သူ့နှုတ်ခမ်းတွေ ခြောက်လို့နေသည်။
"အစိုဓာတ်ရှိအောင် ပြန်လုပ်ရမှာပေါ့"
"ဟင်!ဘယ်လိုလုပ်မှာ?"
"ကိုကို့ဆီက ပြန်ယူမှာလေ"
"အကို့ဆီ အဲ့လို နှုတ်ခမ်းခြောက်ရင်
သုံးတဲ့ဟာ ပါမလာဘူး "
"ကိုကို့မှာ ပါလာ တယ်လေ"
"ဘယ်မှာ?"
အတွေး မပေါက်သေးသော ကိုကို့မျက်နှာလေးနား တိုးကပ်သွားပြီး နှုတ်ခမ်းဖူးဖူးလေးကို
အသံမြည်အောင် တစ်ချက် နမ်းပြလိုက်သည်။
💘 Part-42 💘
Start from the beginning
