"နေပါစေ ...hyung။ကျွန်တော်တို့လည်း အချိန်သိပ်မရဘူးရယ်"
"ဟုတ်တယ်.. jiminshi ။lalaတို့ ခနနေပြန်မှာ "
အရင်တစ်ရက်က Jungkook အိပ်နေတုန်း
Jungkook ဖုန်းက ဝင်လာတာမို့ jimin သူ့အစား
ဝင်ဖြေလိုက်သည်။ဆက်သူက taehyung ဖြစ်နေသည်မို့ jimin စိတ်အေးသွားရသည်။သို့သော်
Taehyung က Jungkook နဲ့ ပြောချင်ကြောင်း
ပြောလာသည့်အခါမှာတော့ jimin အကြပ်ရိုက်သွားရသည်။နောက်ဆုံး မလွှဲသာတော့ပဲ
Jungkook အကြောင်းကို ပြောပြလိုက်ရသည်။
ယနေ့တော့ လူစုံ ရောက်ချလာကြခြင်းဖြစ်သည်။
"ဟုတ်လား?မသွားခင် တစ်ခုခု စားသွားကြပါလား?အကို မှာပေးမယ်"
"နေပါစေ...ကျွန်တော်တို့ လမ်းမှာလည်း
စားလာသေးတယ်"
Taehyung ကပြောတော့ lala ကပါ ခေါင်းလေးငြိမ့်ပြရင်း ထောက်ခံသည်။yoongiကတော့
Jiminအား ပြုံးပြနေခဲ့သည်မို့ jimin ပြန်ပြုံးပြမိသည်။
"Jungkook !အားမငယ်နဲ့ကွာ။
မင်း ပြန်ကောင်းလာမယ်လို့ ငါယုံကြည်တယ်"
"ဟုတ်တယ်။jungkookအနား lalaတို့ရော ရှိနေသေးတယ်ဆိုတာ မမေ့နဲ့"
"ထပ်ပြီး မထိခိုက်အောင် ဂရုစိုက်ပါ"
သူ့အတွက် ပူပန်ကာ ပြောနေကြသော
Lala, taehyung, yoongi တို့အား Jungkook
ခေါင်းတစ်ချက်ငြိမ့်ပြပြီး ပြုံးပြလိုက်သည်။
"စိတ်ချပါ။ကိုကိုနဲ့ အတူ လေ့ကျင့်ယူပြီး
ငါ့ခြေထောက်တွေ ပြန်ကောင်းလာအောင်လုပ်မှာ"
Jungkook သည် jimin အားရည်ရွယ်ကာ ပြောနေပြီး jimin က Jungkook ကို မြတ်နိုးခြင်း အပြည့်နဲ့ ကြည့်နေခဲ့သည်။
ခနနေတော့ taehyung တို့သည် Jungkook နဲ့ jiminအား နှုတ်ဆက်ကာ ဆိုလ်းသို့ ပြန်သွားကြ တော့သည်။နောက်လည်း အချိန်ရရင် ရသလို
လာတွေ့မည်ဖြစ်ကြောင်း ပြောသွားသေးသည်။
Taehyungနဲ့ lalaဝတ်ထားသော ကျောင်းဝတ်စုံလေးကို မြင်သည့်အခါ အင်ဂျင်နီယာလေးရဲ့
မျက်ဝန်းလေးများ ညှို့မှိုင်းသွားသည်။ဒါကို jimin သတိထားမိခဲ့ပါသည်။အင်းပေါ့လေ။
တိုက်ဆိုင်မှုတွေရှိလာရင် သူလည်း ကျောင်းသားဘဝကို လွမ်းရှာမှာပဲ။သူ့လက်ကိုသာ မတွဲခဲ့ရင်
သူ့ရဲ့ အင်ဂျင်နီယာလေးက ခုချိန် အထက်တန်းဆန်ဆန်နဲ့ ကျောင်းတက်နေရမည်မဟုတ်လား?
သူ့အတွက်နဲ့သာ အင်ဂျင်နီယာလေးက
ထိုအရာတွေကို စွန့်လွှတ်ခဲ့တာ။
💘 Part-42 💘
Start from the beginning
