ပက်လက် အနေအထားမှ ကုတင်ကို မှီချင်တာမို့
Jungkook ကြိုးစားကာ နာကျင်နေသော
သူ့ခန္ဓာကိုယ်ကို လှုပ်ကြည့်သည်။
"ဟင်!"
လန့်သွားမိသည်။ဘာလို့ ? ဘာလို့ သူ့အောက်ပိုင်းက လှုပ်မရတော့တာလဲ?ဘာတွေ ဖြစ်ကုန်တာလဲ?
အင်ဂျင်နီယာလေးသည် လန့်လို့သွားကာ
ခန္ဓာကိုယ်ကို ယိမ်းကာ လှုပ်ကြည့်တော့သည်။
အပေါ်ပိုင်းကိုသာ လှုပ်လို့ ရကြောင်း ခံစားလို့ ရပြီး အောက်ပိုင်းကိုတော့ သူ လှုပ်လို့မရပေ။
သူ ဘာတွေ ဖြစ်သွားတာလဲ?
"ဟင်! Jungkook"
သူ ခေါင်းခုကာ အိပ်နေသော ကုတင်ရဲ့
လှုပ်ရှားလာမှုကြောင့် jimin နိုးလာရသည်။
နိုးနိုးချင်း မြင်လိုက်ရသည်က ပက်လက်အနေအထားနဲ့ ခန္ဓာကိုယ်ကို လှုပ်ကြည့်နေပါသော Jungkook ကို တွေ့ရသည်။
"ကိုကို....ကျွန်တော် ထ ..ထိုင်မလို့လေ။
အဲ့တာ....ကျွန်တော့် အောက်ပိုင်းက လှုပ်လို့မရဘူး။ဘာဖြစ်တာလဲဟင်?"
Jimin မည်သို့ဖြေရမည်နည်း။ထိုစကားကို
ပြောဖို့ သတ္တိမရှိသေးပါ။
"ကိုကို!ကျွန်တော် ဘာဖြစ်သွားတာလဲလို့?"
Jungkook သည် သူ့ကို မျှော်လင့်တကြီးနဲ့ ကြည့်ကာ မေးလို့လာသည်။jimin ထိုင်နေရင်းပင် Jungkookကို ကြည့်ကာ မျက်ရည်များ ကျလာမိသည်။
"Jungkook "
"ကျွန်တော် နားထောင်နေတယ်"
"မင်းကလေ....မင်းရဲ့ ခန္ဓာကိုယ်က ...အောက်ပိုင်း သေသွားတာတဲ့ "
"ဗျာ!"
Jungkook ရဲ့ အထိတ်တလန့် မျက်လုံးများထဲ
မယုံကြည်နိုင်ခြင်းများ အပြည့်နဲ့ပင်။
Jungkook ရဲ့ ထိုသို့ မျက်လုံးများကို မြင်ရတာက သူ့နှလုံးသားကို ထပ်ကာ နာကျင်စေပြန်သည်။
"ဟုတ်တယ်... Jungkook ။မင်း အောက်ပိုင်း
သေသွားတာတဲ့။မယုံဘူးမလား?ဟင်။
မင်း လည်း မယုံဘူးမလား?"
Jungkook တစ်ယောက် ဆွံ့အနေကာ
ကိုကို့ကိုပင် စကားပြန်မပြောနိုင်သေး။
သူ shock ရနေပါသည်။
"အကိုလည်း မယုံခဲ့ပါဘူး ...ကောင်လေးရယ်"
နောက်ဆုံး Jungkook ရဲ့ ရင်ဘတ်ပေါ်
ခေါင်းမှောက်ချရင်း ဖွဖွလေး ဖက်ကာ
ငိုမိတော့သည်။
💘 Part- 41 💘
Начните с самого начала
