ဦးခေါင်းထပ်က ပတ်တီးဖြူဖြူသည်
အင်ဂျင်နီယာလေးနဲ့ မအပ်စပ်လှပေ။ညာဘက် နဖူးထောင့်နေရာက ပတ်တီးနေရာက သွေးစလေး စို့နေခြင်းကြောင့် နဖူးပေါက်သွားခြင်း ဖြစ်လိမ့်မည်။အောက်ဆီဂျင် တပ်ထားသော
နှာခေါင်းနေရာလေးကလွဲ ကျန်တဲ့ မျက်နှာပြင် တစ်ခုလုံးတွင် ပြတ်ရှရာ သေးသေးလေးများက
နေရာယူလို့ထားသည်။jimin မျက်ရည်များ ကျလာရပြန်သည်။
ဘာလို့ မင်းပဲလဲ?။အကယ်၍ အကိုသာ
လိုက်ခဲ့ရင် မင်းတစ်ယောက်ထဲ မဖြစ်တော့ဘူးလေ။အခုတော့~
ဆေးရုံ ဝတ်စုံ အပြာရောင်လေးနဲ့
အင်ဂျင်နီယာလေး၏ လက်မောင်းနေရာနဲ့ လက်ချောင်းများတွင်လည်း ပွန်းပဲ့ ဒဏ်ရာလေးများကို ထပ်ကာ တွေ့ရသည်။ထိုမှ တစ်ဆင့်
ခန္ဓာကိုယ် အောက်ပိုင်းဆီ အကြည့်ရောက်မိတော့ နာကျင်စွာ ငိုရသေးသည်။
Jungkook ရယ် ဟုသာ စိတ်ထဲကနေ ပြောနိုင်တော့သည်။
........................................................................
"ကို ...ကို "
မနက်လင်းလာသည့် အခါ Jungkook ရဲ့
လက်ချောင်းလေးများ လှုပ်လာပြီး
ခြောက်သွေ့နေသော နှုတ်ခမ်းပါးလေးဆီမှ
အင်မတန်မှ တိုးဖျော့သော အသံလေး ထွက်လို့လာသည်။
သူ့လက်ကို ကိုင်ရင်း အိပ်ပျော်နေသော
ကိုကို့အား နိုးစေဖို့ ခေါ်လိုက်သော်လည်း
ကိုကိုက အိပ်ပျော်နေဆဲ။
Jungkook မှတ်ဉာဏ်များ ပြန်ခေါ်နေရသည်။
သူ ဆိုလ်းကို အသီး ရောင်းဖို့ သွားတယ်။လမ်းမှာ accident ဖြစ်တယ်။အဲ့နောက်ပိုင်း သူဘာမှ မသိတော့ပါ။အဖြူရောင် မျက်နှာကျက်နဲ့ ဆေးရုံ အငွေ့အသက်ကြောင့် သူ အသက်မသေသေးပဲ
ဆေးရုံတစ်ခုကို ရောက်နေမည်ဖြစ်မည်ဟု တွေးလိုက်သည်။ကိုကိုကရော သူ accident ဖြစ်တာ
သိလို့ လိုက်လာတာလား?
နှာခေါင်းတွင် တပ်ထားသော အောက်ဆီဂျင်ပိုက်ကို ကိုယ်တိုင်ဖြုတ်လိုက်သည်။သူ့ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်နေသလို ခံစားရသည်။ဦးခေါင်းထက်က စူးကနဲ နာကျင်မှူကြောင့် သူ့ခေါင်းကို
စမ်းမိရာ ပတ်တီးတစ်ခု ပတ်လို့ထားသည်။
သူ ခေါင်းထိ ထားတဲ့ ပုံပေါ်သည်။
💘 Part- 41 💘
Start from the beginning
