"မငိုနဲ့တော့..တိတ်နော်.။jiminလေးက ဒီလို ဖြစ်နေရင် Jungkook လေးက ဘယ်လိုလုပ် အဆင်ပြေပါ့မလဲ။jiminလေးက Jungkook ရှေ့မှာ သန်မာပြနေမှ ဖြစ်မယ်။အဲ့တာမှ Jungkook လေးက ခွန်အားတွေ ရမှာပေါ့"
Jiminသည် မျက်ရည်များကြားက ခေါင်းငြိမ့်ပြလာပြီး ဒေါ်ဒေါ့်ရင်ခွင်ထဲက ထွက်ကာ
ပြုံးကာ ပြလိုက်သည်။
"ကျေးဇူးပါ...ဒေါ်ဒေါ်"
"မလိုတာကွယ်။သားတို့ကို ချစ်လွန်းလို့
သားတို့ အမြဲ ပျော်ရွှင်နေတာပဲ မြင်ချင်တယ်ကွယ်"
"ဟုတ်ကဲ့ပါ။ကျွန်တော် Jungkook ကို
သေချာ ဂရုစိုက်ပြီး မေတ္တာတွေ ပိုတိုးပေးမှာပါ"
"မငိုနဲ့တော့နော်။jungkookလေးက ဒီအခန်းထဲ
အိပ်နေတယ်။nurseကတော့ Jungkook သတိရလာရင် လှမ်းခေါ်ဖို့ ပြောသွားတယ်"
"ဟုတ်...ကျွန်တော် ဝင်လိုက်ဦးမယ်"
"အင်းအင်း။ဒေါ်ဒေါ်ကတော့ အပြင်မှာပဲ နေခဲ့မယ်။ခနနေ မင်း တို့ ဦးကြီး လိုက်လာမှာ"
"ပြောပြလိုက်တာလား?ဦးကြီးက နေကောင်းသေးတာ မဟုတ်ဘူး။အားနာလိုက်တာ ဒေါ်ဒေါ်ရာ"
Jiminက မျက်နှာကလေး ညှိုးစွာဖြင့်
အားတုံ့၊အားနာ ဟန်ဖြင့် ပြောတော့
ဒေါ်ဒေါ်သည်
"အို!အားနာရမယ့် လူတွေလား?
မင်းတို့ ဦးကြီးက အတင်းဇွတ်မေးတာနဲ့ ဖြေလိုက်ရတာ။ဒါတောင် သူမေးမှ ဖြေလို့တဲ့။ဒေါ်ဒေါ် ဆူခံလိုက်ရသေးတယ်"
မျက်ရည်များကြားမှ ဒေါ်ဒေါ့်စကားကြောင့်
Jimin ပြုံးမိပါသေးသည်။
"ကဲပါ။အဲ့တာထားတော့။
Jungkook လေးကို ဝင်တွေ့ချေလေ"
"ဟုတ်"
ချလောက်!
အခန်းတံခါးကို ဖွင့်လိုက်သည်နှင့်
မြင်လိုက်ရသည်က ဖြူဖြူဖွေးဖွေး မွေ့ယာထက်
နှာခေါင်းမှ အောက်စီဂျင်ပိုက် တပ်ထားပြီး
အသက်ရှုသံမှန်မှန်လေးနဲ့ အိပ်ပျော်နေပါသော
သူ့ရဲ့ အင်ဂျင်နီယာလေး။အနီးဆုံးထိ လျှောက်သွားလိုက်ပြီး ကုတင်ဘေးက ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
Jungkook ရဲ့ ဆေးပိုက် သွယ် မထားသော
လက်ကို ဖွဖွလေး ဆုပ်ကိုင်ထားရင်း
အင်ဂျင်နီယာလေးရဲ့ ခန္ဓာကိုယ်အား ခေါင်းအစ၊ခြေအဆုံး ကြည့်မိတော့သည်။
💘 Part- 41 💘
Start from the beginning
