💘 Part- 41 💘

Start from the beginning
                                        

‌"ဒေါ်ဒေါ်"

"Jiminလေး!ဒေါက်တာက ဘာပြောလဲဟင်?"

ဒေါ်ဒေါ်သည် Jungkook ကို ထားထားသည့်
အခန်းရှေ့က ထိုင်ခုံလေးတွင် ထိုင်စောင့်နေပြီး
သူ့ကို မြင်သည့်အခါ ခရီးရောက်မဆိုက် တန်းမေးသည်။

"Jungkook ကလေ...အင့်!"

ဝမ်းနည်းစိတ်သည် ထပ်ပြီး လှိုက်တက်လာကာ
Jimin ငိုကြွေးမိတော့သည်။

"အိုကွယ်!ဒေါ်‌ဒါ် စိတ်ပူလိုက်တာ။
ဘာပြောလိုက်လို့လဲကွယ်?"

ဒေါ်ဒေါ်သည် jimin လက်နှစ်ဖက်ကို ဆုပ်ကိုင်ရင်း
စိုးရိမ်တကြီး မေးသည်။

"Jungkook ကလေ အောက်ပိုင်း အင့်!
အောက်ပိုင်း သေသွားပြီတဲ့"

"ဘုရားရေ!"

Jimin စကားကြောင့် ဒေါ်ဒေါ်သည်လည်း
ထိတ်လန့်သွားကာ ဘာစကားမှ တန်းမထွက်နိုင်။

"ကျွန်တော်..ကျွန်တော်လေ သူနိုးလာရင်
ဘယ်လို ပြောရမလဲ?သူ သူ လက်ခံနိုင်ပါ့မလားဟင်?သူ ဒီလို ဖြစ်သွားတယ်ဆိုတာကို သိရင်အရမ်း ခံစားသွားရမှာ ကျွန်တော် သိတယ်"

"Jiminလေးရယ်...ဒေါ်ဒေါ်လည်း ဘာပြောရမှန်း မသိတော့ပါဘူးကွယ်"

"ကျွန်တော် သူ့ကို အရမ်းသနားတယ်။ကျွန်တော့်ကြောင့်နဲ့ သူ ဆုံးရှုံးခဲ့ရတာတွေ များနေပြီ။ခု သူ့ဘဝထိတော့ မလုပ်သင့်ဘူးမလား?ဒါက သူ့ဘဝနဲ့ ဆိုင်သွားပြီမလား?အင့်!"

Jimin သည် ရှိုက်ကာ၊ရှိုက်ကာ ငိုနေမိသည်။
ဒေါ်ဒေါ်သည်လည်း မျက်ရည်များ ကျနေကာ
Jimin အား ပွေ့ဖက်လို့ ပေးလာသည်။

"စိတ်မပူပါနဲ့။ဒေါ်ဒေါ်တို့ရော၊မင်းတို့ ဦးကြီးတို့ရော၊မင်းတို့ကို ချစ်တဲ့ သူတွေရော၊ jiminလေး ကိုယ်တိုင်ရော Jungkook လေး ဘေးမှာ ရှိနေမှာပဲ။အားလုံး အားပေးရင်း ကူညီပေးမှာပါ"

ကလေး တစ်ယောက်လို ဒေါ်ဒေါ့်ရင်ခွင် ထဲတွင်
ငိုကြွေးနေမိသော ကကြိုးလေးသည် အင်ဂျင်နီယာလေးကို ရင်ဆိုင်ဖို့ သတ္တိများ ရှိမနေခဲ့ပါ။သူ့စိတ်ထဲ အင်ဂျင်နီယာလေး စိတ်ထိခိုက်သွားမှာကို အရမ်းကြောက်နေခဲ့ရှာသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now