"ဒေါက်တာ သေချာလို့လားဟင်?
ဟို....ဒီလို မေးတာက ဒေါက်တာ့ကို စော်ကားတာ မဟုတ်ပါဘူး။ကျွန်တော် လက်မခံနိုင်လို့ပါ။
သေချာ ပြန်စစ်ပေးပါ။jungkookက အဲ့လို ဘဝကြီးကို လက်ခံမှာ မဟုတ်ဘူး!"
"Jimin..."
"မဟုတ်ဘူး!မဖြစ်ရဘူး။သူ ....သူ အရမ်း ဝမ်းနည်းမှာ။သူ့အခြေအနေကို သိရင်
သူ စိတ်ထိခိုက်နေမှာ။ပြန်စစ်ပေးပါ။မှားတာလည်း ဖြစ်နိုင်တာပဲလေ။နော်...ဒေါက်တာ။
ပြန်စစ်ဆေးပေးပါ"
မျက်ရည်များ ကျလာရင်း ပြောနေသော
Jiminအား ကြည့်ကာ hoseok စိတ်မကောင်းဖြစ်ရသည်။သို့ပေမယ့် သူ အဘယ်မျှ တတ်နိုင်မည်နည်း။လူနာရဲ့ အသက်ကို ကယ်ခဲ့ပြီးပေမယ့်
ခန္ဓာကိုယ် အောက်ပိုင်း သေတဲ့ ကိစ္စကတော့
လူနာရဲ့ စိတ်နဲ့ ကံနဲ့ ဆိုင်သွားပြီမလား?ဒီထပ်ပိုပြီး ဆရာဝန်လေး ဘာမှ မတတ်နိုင်ခဲ့ပါ။
"Jimin။ကျွန်တော် ပြောတာလေး သေချာနားထောင်ပေးပါ။အဖြေက မမှားပါဘူး။
လူနာက တကယ် အောက်ပိုင်း သေသွားတာပါ။
ဒီလို ပြောရလို့လည်း ကျွန်တော် စိတ်မကောင်းပါဘူး"
Jimin ရှိုက်ကာသာ ငိုနေမိတော့သည်။
အင်ဂျင်နီယာလေး နိုးလာခဲ့ရင် သူ ဒီအကြောင်းတွေကို ဘယ်လို ပြောရမလဲ?
"ဒါပေမယ့် အားမလျော့ပါနဲ့။လူနာရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ကံကြမ္မာနဲ့လည်း သက်ဆိုင်နေသေးတာမို့ ပြန်ကောင်းလာနိုင်ချေ ရှိပါတယ်"
"အကယ်၍ Jungkook သာ အားလျော့သွားခဲ့ရင် .."
"လူနာရဲ့ စိတ်ကသာ အဓိကပါ။လူနာဘက်က
အားလျော့နေမယ်ဆို တစ်သက်လုံး အဲ့ အနေအထားနဲ့ ဖြစ်သွားနိုင်ပါတယ်။ဘေးကနေ ဝိုင်းဝန်းအားပေးပြီး ကူညီပေးရင် မြန်မြန် ပြန်ကောင်းလာမှာပါ"
"ဒါဆို Jungkook ပြန်ကောင်းလာဖို့ အခြေအနေရှိသေးတယ်ပေါ့နော်"
"ရှိပါတယ်"
"ကျေးဇူးပါ ဒေါက်တာ"
"မလိုပါဘူးဗျ"
"ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး"
"ကောင်းပါပြီ"
ဒေါက်တာ့ကို နှုတ်ဆက်သည့်အနေနဲ့
ခေါင်းလေး ငြိမ့်ရင်း ပြုံးပြလိုက်ပြီးနောက်
ထိုရုံးခန်းထဲမှ jimin ထွက်ခဲ့တော့သည်။
💘 Part- 41 💘
Start from the beginning
