Jimin ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်သည်။
သူ့ရဲ့ အင်ဂျင်နီယာလေးက ဒီလိုပုံနဲ့တော့
ထားမသွားနိုင်ပါ။
"ဒါဆို ကျွန်တော် ဒေါက်တာနဲ့ သွားတွေ့လိုက်ဦးမယ်။jungkook အပြင်ထွက်လာရင် ဂရုစိုက်ပေးပါဦး"
"အင်းပါ...ဒေါ်ဒေါ် ဒီရှေ့က စောင့်ပေးနေမယ်"
ဒေါ်ဒေါ်ကို ပြောပြီးသည်နှင့် ဒေါက်တာရှိရာ
ရုံးခန်းဆီသို့ လာခဲ့တော့သည်။တံခါးကို ခေါက်ရင်း အသိပေးကာ ဝင်သွားလိုက်တော့
ဒေါက်တာက ထိုင်ဖို့ နေရာပြပေးသည်။
"ထိုင်ပါ"
"ဟုတ်"
ဒေါက်တာနဲ့ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီး
ဒေါက်တာ ပြောလာမည့် စကားတို့ကို
Jimin မျှော်လင့်နေလိုက်သည်။စိတ်လှုပ်ရှားမှုကြောင့် သူ့လက်လေးနှစ်ဖက်ကိုပင် အချင်းချင်း ဆုပ်ကိုင်ထားမိသည်။
"ကျွန်တော့်နာမည် jung hoseokပါ။
လူနာနဲ့ ဘယ်လိုတော်စပ်သလဲဗျ"
ဒေါက်တာက မေးလာသည့် အခါ jimin အနည်းငယ်တော့ ဖြေဖို့ တွေဝေသွားမိသည်။
သို့သော်လည်း -
"လူနာရဲ့ အမျိုးသားပါ ........Park jiminလို့ ခေါ်ပါတယ်"
"ဟုတ်ကဲ့။တွေ့ရတာ ဝမ်းသာပါတယ်။
အခု ကျွန်တော် လူနာနဲ့ ပတ်သက်ပြီး ပြောစရာရှိနေပါတယ်"
"ပြောပါ...ဒေါက်တာ"
"လူနာက ပြင်ပ ဒဏ်ရာ အနေနဲ့က ဦးခေါင်းထိခိုက်သွားပေမယ့် သေချာပေါက်တော့
မှတ်ဉာဏ် မပျောက်နိုင်ပါဘူး။ပွန်းပဲ့ရှရာ တွေကတော့ ကျွန်တော်တို့ သေချာ စစ်ဆေးပြီး
ဆေးထည့်ပေးထားပါတယ်"
ဒေါက်တာ သည် ပြောရခက်ဟန်ဖြင့်
ပင့်သက်ကို ရှိုက်လိုက်ပြီး jimin မျက်လုံးများအား ကြည့်ရင်း စိတ်မကောင်းသော အသံနှင့်
ပြောလာသည်က
"လူနာက ခန္ဓာကိုယ် အောက်ပိုင်း သေသွားတယ်"
"ဗျာ!!"
ဒေါက်တာ့ စကားအဆုံး ကကြိုးလေး မျက်လုံးများ ဝိုင်းစက်သွားသလို နားထဲက လေတွေပင် ထွက်သွားသလား အောက်မေ့ရသည်။ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သပ်သွားသလို ခံစားလိုက်ရသည်။သူ့ရဲ့ အင်ဂျင်နီယာလေးက အောက်ပိုင်း သေတယ်။ဟင့်အင်း။မဖြစ်ရဘူး။သူ့ရဲ့ အင်ဂျင်နီယာလေး သိရင် ဘယ်လောက် စိတ်ထိခိုက်နေမလဲ?
💘 Part- 41 💘
Start from the beginning
