"Jimin လေး"
အရေးပေါ်အခန်းရှေ့က ထိုင်ခုံလေးများတွင် Jimin ထိုင်စောင့်နေရင်း ဒေါ်ဒေါ်သည် သူ့အနား ရောက်လို့ လာခဲ့သည်။jungkookဇောနဲ့ သူ ဒေါ်ဒေါ်ကိုပင် မေ့လို့နေခဲ့သည်။
"ဒေါ်ဒေါ်....ခုထိ ခုထိ Jungkook က ထွက်မလာသေးဘူး။အရမ်းကြီး မစိုးရိမ် ရလောက်ပါဘူးနော်"
ဒေါ်ဒေါ်သည် မျက်ရည်များကျနေသော
Jimin မျက်နှာလေးကို ငြင်သာစွာ သုတ်ဖယ်ပေးရင်း
"မစိုးရိမ်ရပါဘူး။jungkookလေးက သန်မာတဲ့သူလေ။သေချာပေါက် အများကြီး မထိခိုက်ပါဘူး။"
"ဟုတ်တယ်။သူ ထိခိုက်လို့ မဖြစ်ဘူး။
ကျွန်တော့်နားက ဘယ်မှ သွားလို့ မရသေးဘူး"
ဒေါ်ဒေါ်သည် jiminကို ပခုံးလေးမှ ဖက်လို့ထားသည်။ဒေါ်ဒေါ် ရင်ခွင်ကို မှီကာ jiminသည် ခံစားရသမျှ ငိုကြွေးနေခဲ့မိသည်။
ချလောက်!
Emergency room ရဲ့ တံခါးဖွင့်သံဟာ
Jimin ကို အငိုတိတ်စေကာ အမြန်ပင် ထိုအခန်းရှေ့ ထသွားလိုက်သည်။
"ဒေါက်တာ...လူနာ အခြေအနေ ဘယ်လိုလဲဟင်"
သူ မေးလိုက်တော့ ဒေါက်တာက
နေရောင်ခြည်လို နွေးထွေးသော အပြုံးလေးနဲ့
ပြုံးပြသည်။
"စိတ်မပူရတော့ပါဘူး။အသက်အန္တရာယ်လဲ မထိခိုက်ပါဘူး။ဒီက လူနာရှင်ထင်တယ်"
"ဟုတ်ပါတယ်"
"ဒါဆို ကျွန်တော့် ရုံးခန်းထဲ လိုက်ခဲ့ပေးပါ။
အသိပေးစရာလေး ရှိလို့ပါ"
"ဟုတ်ကဲ့။လူနာက ဘယ်ချိန်မှာ ပြန်ထွက်လာမှာလဲဟင်?"
"ခနနေ သီးသန့်ခန်းထဲကို ပို့ပေးမှာပါ။အဲ့ချိန်ကျ တွေ့လို့ရပါပြီ"
"ဟုတ်....ကျေးဇူးပါ"
ဒေါက်တာသည် ထပ်ကာ ပြုံးပြပြီး
ထွက်သွားသည်။ထိုအခါမှ jimin သက်ပြင်းချနိုင်တော့သည်။
"Jimin လေး"
ဒေါ်ဒေါ်သည် သူ့ပခုံးကို လက်လေးနဲ့ ထိန်းရင်း
ပြုံးပြသည်။jimin ပြန်ပြုံးပြလိုက်ရင်း
"မစိုးရိမ်ရတော့ဘူးတဲ့ ဒေါ်ဒေါ်"
"ဒေါ်ဒေါ် ပြောသားပဲ။jungkookလေးက သန်မာ
ပြီးသားပါဆို"
💘 Part- 41 💘
Depuis le début
