"နေ နေပါစေ ။ ကျွန်တော့်ကို ကားလေးပဲ ခနငှားပေးပါလား?"
"အေးပါကွယ်။ယူသွားလေ။တစ်ခုခုဖြစ်လို့လား?
ဒေါ်ဒေါ် ရင်ထိတ်လိုက်တာကွယ်"
"Jung... Jungkook ကား accident ဖြစ်တယ်ဆိုလို့ ကျွန်တော် လိုက်သွားမှ ရမှာမို့ပါ။ကားအတွက် ကျေးဇူးပါ။"
"ဟေ! Jungkook လေးလား?
အမလေး!ငါ ရူးတော့မှာပဲ။
နေဦးနော်!ဒေါ်ဒေါ်ပါ လိုက်ခဲ့မယ်။သားရဲ့ ဒီလိုပုံစံနဲ့ ကားမောင်းလို့ မဖြစ်ဘူး "
ဒေါ်ဒေါ်သည် ကားသော့ယူရင်း ပိုက်ဆံအိတ်ပါ တစ်ခါတည်း ယူပြီး ထွက်လာခဲ့တော့သည်။
"တက်လေ...jimin လေးရဲ့ "
မောင်းသူနေရာတွင် ဝင်ထိုင်လိုက်သော
ဒေါ်ဒေါ်ကြောင့် jimin ကြောင်ကြည့်နေမိရာမှ
ဒေါ်ဒေါ်ထပ်ခေါ်ကာ ပြောမှ အသိကပ်ရသည်။
ဒေါ်ဒေါ်နဲ့ ကပ်လျက် ဘေးခုံတွင် ဝင်ထိုင်ပြီး
ထိုင်ခုံခါးပတ် ပတ်ပြီးသည်နှင့် ကားလေးသည်နယ်မြို့လေးထဲမှ ထွက်ခဲ့တော့သည်။
ဘူဆန်က ဆေးရုံကြီးကို ရောက်သည်နှင့်
ဒေါ်ဒေါ်ကိုပင် မစောင့်နိုင်ပဲ ဆေးရုံထဲ
အတင်းပြေးဝင်မိကာ reception တွင် သွားမေးရသည်။
"ဟို...စောနလေးက ကား accident နဲ့ ရောက်လာတဲ့ လူနာ ဘယ်အခန်းလဲဗျ?"
Reception ဌာနက မိန်းကလေးများက
Jiminရဲ့ ပုံစံကို ကြည့်နေကြသည်မို့
"ကျွန်တော်က သူ့အမျိုးသားပါ"
"အာ...ဟုတ်။ခနလေးနော်"
Jimin တော်စပ်မှု အကြောင်း ပြောလိုက်မှ
Computer ကို တစ်ချက်ကြည့်ပေးနေသည်။
"လူနာက အရေးပေါ် အခန်းထဲမှာပဲ ရှိနေသေးတယ်ရှင့်။အရေးပေါ်ခန်းက နှစ်လွှာမှာပါ"
"ဟုတ်....ကျေးဇူးပါ"
မိန်းကလေးများအား ကျေးဇူးတင်ကြောင်း ပြောပြီးသည်နှင့် နှစ်လွှာကို လှေကားအတိုင်း ပြေးတက်သွားမိသည်။
Emergency room ဆိုသည့် စာတန်းအား
တွေ့သည့်နှင့် jimin ထိုအခန်းထဲ ပြေးဝင်ချင်စိတ်များက တဖွားဖွားပင်။သူ့ရဲ့ အင်ဂျင်နီယာလေး
ဘယ်နေရာတွေ ထိခိုက်သွားသေးလဲ?အသက်အန္တရာယ် စိုးရိမ်ရလား?ခန္ဓာကိုယ်က တစ်ခုခုများ ချွတ်ယွင်းသွားလေမလား?အရေးပေါ်ထိ
ကုသယူနေရတော့ အခြေအနေများ ဆိုးသလား?
စသည်ဖြင့် မေးခွန်းပေါင်းများစွာသည်
ကကြိုးလေး ခေါင်းထဲ ပြည့်နှက်လို့နေခဲ့သည်။
💘 Part- 41 💘
Start from the beginning
