"..........."
"ကိုကို"
"အင်း"
Jungkook ရဲ့ မျက်လုံးများသည် ညှို့မှိုင်းကာ
သွားသည်မို့ jimin သေချာ စိုက်ကြည့်နေရင်း
ပြောလာမည့်စကားကို စောင့်နေလိုက်သည်။
"ကျွန်တော်....ကျွန်တော် ဒီလို ဖြစ်သွားလို့
စိတ်တော့ ပျက်မသွားဘူးမလား?"
ထိုမေးခွန်းကြောင့် jimin ရင်နာရပြန်သည်။
"ဘယ်လိုတွေ မေးနေတာလဲ?ဘာလို့ အကိုက
မင်းကို စိတ်ပျက်ရမှာလဲ?မင်း ဒီလို ဖြစ်သွားလည်း အကို ချစ်တာက ချစ်တာပဲလေ။
မင်းက မင်းလေ။ဘယ်တော့မှ မပြောင်းလဲဘူး။
ခုလို မေးတာက အကို့ကို မယုံကြည်သလိုပဲ"
"မဟုတ်တာ ကိုကိုရယ်။ကျွန်တော်က အရင်လို
ကိုကို့နောက် တကောက်ကောက်လိုက်ပေးနိုင်မှာ မဟုတ်သလို ကိုကို့အနား အမြဲ ရှိနေပေးနိုင်မှာ မဟုတ်ဘူး။ကျွန်တော့်ပုံစံအတိုင်းဆို wheel chair ပေါ်မှာပဲ ရှိနေရမယ့် အနေအထားပဲလေ။
ပြီးတော့ ကိုကို ကျွန်တော့်အတွက်နဲ့ ဒုက္ခများမှာ
စိုးရိမ်တယ်"
"Jungkook ရယ်"
Jungkook မျက်နှာလေးကို ပါးနှစ်ဖက်မှ ဖွဖွလေး အုပ်ကိုင်ပြီး မျက်လုံးချင်းဆုံစေကာ
"အကို ပြောတာ သေချာနားထောင်နော်။
မင်း က အကိုရဲ့ အမျိုးသား။ပြုစု စောင့်ရှောက်ရမယ့် တာဝန် အပြည့်ရှိတယ်။ပြီးတော့ အကို ချစ်တဲ့ မင်းကို ပြုစုပေးရမှာကို ငြီးငြူမိမှာ မဟုတ်ဘူး။ဝန်ထုပ်ဝန်ပိုးကြီးလိုလည်း ခံစားမိမှာ မဟုတ်ဘူး"
"........."
"အကို မင်းကို အကောင်းဆုံး စောင့်ရှောက်မှာ။
မင်းခြေထောက်တွေ ပြန်ကောင်းလာဖို့
အကိုနဲ့ မင်း ကြိုးစားကြမယ်"
"ကျွန်တော် ကိုကို့ကို အရမ်းချစ်တာပဲ"
"ထပ်တူပါပဲ ...ကောင်လေးရယ်"
နှစ်ယောက်လုံးရဲ့ မျက်ဝန်းများထဲ
မျက်ရည်များ ရှိနေခဲ့သော်လည်း အလှဆုံး ပြုံးထားကြဆဲပင်။
ကကြိုးလေးသည် အင်ဂျင်နီယာလေးရဲ့
နဖူးပြင်က ပတ်တီးဖြူဖြူလေးထက်
အနမ်းဖွဖွလေး ခြွေချလိုက်သည်။
💘 Part- 41 💘
Start from the beginning
