"မင်းတစ်ယောက်ထဲသာ မလွှတ်ခဲ့ရင် ဒီလို ဖြစ်မှာ မဟုတ်ဘူး။အင့်!အကိုပါ လိုက်ခဲ့ရင်
မင်း ဒီလောက်ထိ ဖြစ်ချင်မှ ဖြစ်မှာ။အခုတော့"
မိမိရင်ဘတ်ပေါ်က ကိုကို့ ခေါင်းလုံးလုံးလေးအား
Jungkook ဆေးပိုက်မရှိသည့် လက်နှင့်
ဖွဖွလေး ပုတ်ကာ ချော့မြူနေလိုက်သည်။
"မဖြစ်ရပါဘူး။ကျွန်တော်က ကိစ္စမရှိပေမယ့်
ကိုကိုကတော့ ဆံခြည်မျဉ် တစ်မျဉ်တောင်
ထိခိုက်လို့ မရဘူးဗျ.."
Jungkook ရဲ့ စကားသည် jiminကို
ပိုတိုးငိုစေတော့သည်။အင်ဂျင်နီယာလေးက
ခုချိန်မှာတောင် သူ့ကို စိတ်ပူပေးနေတာလား?
"Jungkook ..."
"ကျွန်တော် သိတယ်။ကိုကို ပြောမှာကို
ကျွန်တော် သိတယ်"
"........."
"ကျွန်တော် ဒီလို ဖြစ်သွားလို့လည်း
စိတ်မထိခိုက်ပါနဲ့။ကျွန်တော့်လက်က
အကောင်းအတိုင်း ရှိပါသေးတယ်"
"Jungkook ..."
အင်ဂျင်နီယာလေးရဲ့ မျက်နှာလေးအား
ငေးကာ စိုက်ကြည့်နေမိတော့ ပါးချိုင့်လေးများ
ပေါ်အောင် ခပ်ဖွဖွလေး ပြုံးပြလာသည်။
"အမှန်ဆို ကျွန်တော်က ကံကြမ္မာကို ကျေးဇူးတောင် တင်နေမိတာ။ကျွန်တော် တစ်ယောက်ထဲ
ထွက်လာမိတာကိုလေ။အဲ့နေ့မှာ ကိုကိုသာ
ပါလာခဲ့လို့ တစ်ခုခု ဖြစ်ရင် ကျွန်တော်
ကိုယ့်ကိုကိုယ် ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး "
"ရူးနေလား?ကိုယ့်ကိုကိုယ် စိတ်မပူပဲ
ဘာလို့ အကို့ကို ပြန်ပူနေရတာလဲ?"
မျက်ရည်လေးများ စိုစွတ်နေဆဲဖြစ်သော
ကိုကို့ မျက်ဝန်းလေးများကို ဆေးပိုက် မတပ်ထားသော လက်နဲ့ သုတ်ဖယ်ပေးရင်း
မြတ်နိုးစွာ ကြည့်မိသည်။
တော်ပါသေးရဲ့။သူ အသက်မသေ လို့သာပေါ့။
မဟုတ်ရင် သူချစ်ရတဲ့ ကိုကိုနဲ့ ဝေးရမှာက ခဏတာ မဟုတ်ပဲ တစ်သက်စာ ဖြစ်သည်။
ကံကြမ္မာကို ကျေးဇူးထပ်တင်မိသေးသည်။
ကိုကို့အနား ပြန်သွားခွင့်ပေးခဲ့လို့ပင်။
"ဟုတ်ပါရဲ့နော်။ကိုကို ပြောသလို ကျွန်တော် ရူးသွားပြီထင်တယ်။ကိုကို့ကိုပဲ စွဲလန်းနေမိတာ
မျက်ကန်းတစ်ယောက်လိုပဲ"
💘 Part- 41 💘
Start from the beginning
