........................................................................
"Jungkook .......အကို အိပ်တော့မယ် "
"အိပ်ချင်ပြီလား?"
"အင်း"
"အ့ဆိုလည်း အိပ်ကြမယ်လေ။ကိုကို အရင် ဝင်နှင့်။ကျွန်တော် အိမ်တံခါးတွေ လိုက်ပိတ်လိုက်ဦးမယ်"
"အင်း.."
Jungkook ကို ပြောပြီးသည်နှင့် jimin အိပ်ခန်းထဲ
အရင်ဝင်ခဲ့တော့သည်။မနက်က ဒီကို လာတဲ့ ခရီးမှာ ခရီးပန်းလာတဲ့ ဒဏ်က အခုထိ အိပ်ရေးမဝသလို ခံစားနေရတုန်းပင်။ထို့ကြောင့် Jungkook နဲ့ movie တစ်ခု ထိုင်ကြည့်နေရင်းမှ သူ အိပ်ဖို့
ထလာခဲ့ရသည်။
Jungkook ခြံတံခါးနဲ့ အိမ်တံခါးများကို သေချာ စစ်ဆေးကာ ပိတ်ပြီးသည်နှင့် အခန်းထဲ ဝင်ခဲ့တော့ ကိုကိုက အိပ်လို့တောင် နေချေပြီ။
ကိုကို ဘေးနား အသာ ဝင်လှဲပြီး ကိုကို့မျက်နှာလေးကို ကြည့်နေမိလိုက်သည်။နဖူးပေါ်က ဆံနွယ်လေးများကို ဘေးတစ်ဖက်၊တစ်ချက်ဆီကို ပို့ပေးလိုက်ရင်း ရှင်းလင်းသွားသော နဖူးပြင်လေးအား Jungkook သူ့နှုတ်ခမ်းပါးနဲ့ ခပ်ဖွဖွ နမ်းလိုက်သည်။
Jungkook နမ်းပြီးသည့် အချိန်မှာပဲ ကိုကို့မျက်လုံးလေးများ ဖွင့်လာသည်မို့
"နိုးသွားတာလား?"
"ဟင့်အင်း......အိပ်မပျော်သေးတာ "
ကိုကိုက ပြောရင်း သူ့ဘက်ခြမ်းဆီ ကိုယ်လုံးလေးရော၊ခေါင်းပါ တိုးလာသည်မို့ Jungkook လည်း သူ့လက်မောင်းကို ကိုကို့ခေါင်းအောက်
ဆန့်တန်းပေးထားလိုက်တော့ ကိုကိုက သူ့လက်မောင်းပေါ် ခေါင်းအုံးရင်း Jungkook ကိုယ်နား နီးကပ်စွာ အိပ်ရင်း Jungkook ခါးကို ဖက်လို့ထားသည်။
"ချစ်တယ်နော်.....သာလိကာလေး"
ကိုကိုသည် Jungkook မျက်နှာကို
ရင်ခွင်ထဲမှ မော့ကြည့်ပြီး Jungkook မေးဖျားလေးကို နမ်းသည်။
"ကျွန်တော်လည်း ချစ်တယ်"
ကိုကိုသည် လှလှလေးပြုံးပြပြီး မျက်လုံးလေးများ မှေးကျသွားပြီး သူ့ရင်ခွင်ထဲ အိပ်စက်လို့သွားသည်။jungkookလည်း ကိုကို့ကိုယ်လေးကို
ထွေးပွေ့ကာ အိပ်စက်ခြင်းဆီသို့ ပျော်ဝင်စေလိုက်သည်။
KAMU SEDANG MEMBACA
သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်
Fiksi Penggemarကကြိုးတွေ ပျောက်ကွယ်သွားတဲ့အခါ........
💘 Part-34 💘
Mulai dari awal
