💘 Part-34 💘

Magsimula sa umpisa
                                        

Jungkook ရင်ခွင်ထဲ ပိုတိုးဝင်မိရင်း
Jimin မေးခွန်းလေး မေးမိပြန်သည်။

"အကို့ကို သိပ်ချစ်တာပဲလား?"

"ချစ်တယ်......သိပ်ချစ်တယ်။
ကိုကို ထင်ထားတာထက် ပိုချစ်တယ်။"

"အကိုလည်း မင်းကို ပြောမပြတတ်အောင် ချစ်တယ် "

နွေးထွေးလုံခြုံမှုပေးနိုင်သော အင်ဂျင်နီယာလေး၏ ရင်ခွင်တစ်ခုသာ ကကြိုးလေးအတွက်
လိုအပ်ပါသည်။

..............................................................................

ညနေခင်း ရောက်သည့်အချိန်မှာတော့
နှစ်ယောက်တူတူ မြို့လေးထဲသို့ လမ်းလျှောက်ရင်း ထွက်ခဲ့ကြသည်။တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ရင်း ပတ်ဝန်းကျင်အနေအထားကိုလည်း လေ့လာကြသည်။လတ်ဆတ်သော
လေထုသည်လည်း အေးမြမြလေး ဖြစ်နေကာ
ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါသည်။

"Jungkook ....ဟိုရှေ့မှာ စတိုးဆိုင်လေး"

ကိုကို ညွှန်ပြရာကို ကြည့်မိမှ စတိုးဆိုင်လေးကို
Jungkook တွေ့ရသည်။

"အင်း....အဲ့ကိုပဲ သွားကြည့်ကြတာပေါ့ "

မျက်စိရှေ့က မြင်နေရသော စတိုးဆိုင်လေးကို
အရင်သွားလိုက်ကြသည်။စတိုးဆိုင်လေးသည်
အသီးအရွက်ကလွဲ မုန့်ခြောက်၊အသားငါး အစုံရသည်မို့ စားသုံးသူတွေအတွက် အလွန်အဆင်ပြေပါသည်။

Jungkook လည်း ကြက်ဥ သုံးကဒ်နဲ့
အသားအချို့ကို ရွေးကာ ဝယ်လိုက်သည်။

"ကျွန်တော် အလုပ်ရရင် ခုသုံးထားတဲ့ ငွေကို ပြန်ပေးမယ်နော် "

"မင်း ဒီလိုတွေ ဆက်ပြောနေရင် အကို စိတ်ဆိုးမိတော့မှာ "

မျက်နှာထားလေးတည်ရင်း ပြောလာသော
ကိုကို စိတ်ဆိုးမှာကိုတော့ အင်ဂျင်နီယာလေး တကယ် ကြောက်ပါသည်။သူ ဆက်မပြောရဲတော့ပေ။

"ကိုကို ...ဆရာ namjoonတို့ စိုက်ကွင်းတွေဘက်
သွားကြည့်ချင်သေးလား?"

"ဟင်.....ခနနေ မိုးချုပ်တော့မှာလေ။မနက်ဖြန်မှပဲ
သွားရအောင် "

"အင်း "

ကိုကို့လက်ကို တွဲရင်း လျှောက်ခဲ့ရတဲ့ လမ်းတွေဟာလည်း လှပနေသည်။နှလုံးသားလေးဟာလည်း ကိုကို့အတွက် ငြိမ့်ငြိမ့်သာသာလေး လှုပ်ရှားနေခဲ့သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Tahanan ng mga kuwento. Tumuklas ngayon