"မဟုတ်တာ။အကိုတို့က ခုချိန်မှာ နှစ်ကိုယ့်တစ်စိတ်ဖြစ်သွားပြီလေ။အေးအတူ၊ပူအမျှ အတူခံစား၊စံစားပြီး နေသွားကြမယ့် သူတွေလေ။အဲ့တော့ အကို့ဟာကလည်း မင်းဟာပဲ။
ပြီးတော့ အကိုလည်း အလုပ် လုပ်ချင်တယ် "
ကိုကိုသည် အသနားခံနေသလို မျက်လုံးများနဲ့
သူ့ကို ကြည့်ကာ ပြောသည်။
"ကျွန်တော်ပဲ ငွေရှာမှာမို့ ကိုကိုကတော့
အလုပ် မလုပ်ရပါဘူး "
"ဟင့်အင်း...အကို လက်မခံနိုင်ဘူး။
မင်းက ကျောင်းကလည်း ရှိသေးတယ် "
"ကျွန်တော် ဆက်မတက်တော့ဘူး "
"ဟင်"
Jimin လန့်သွားကာ Jungkook ကို မျက်လုံးများဝိုင်းရင်း ကြည့်မိသည်။
"ဟုတ်တယ်။ကျောင်းတက်ဖို့သွားရင် ကိုကိုနဲ့ဝေးရလိမ့်မယ်"
"ဟင့်အင်း....မဖြစ်ရဘူး။အကို့ကြောင့်နဲ့
မင်း အနာဂတ်ကို မထိခိုက်စေချင်ဘူး "
"ကျွန်တော့် အနာဂတ်က ကိုကိုလေဗျာ ...."
Jiminသည် ခေါင်းရမ်းရင်းသာ မျက်ရည်စများ ဝဲလာခဲ့သည်။သူက Jungkook ကို ထိခိုက်စေခဲ့ပြီလား?သူ့ကြောင့်နဲ့ မိဘအရိပ်အောက်ကနေ ထွက်လာခဲ့တဲ့ ကောင်လေး။သူ့ကြောင့်နဲ့ လူငယ် ဘဝ လွတ်လပ်ခွင့်တွေ ဆုံးရှုံးပြီး သူ့လက်ကို ဆွဲခဲ့တဲ့
ကောင်လေး။လိုတရနေတဲ့ အနေအထားကနေ
သူ့လက်ကို ဆွဲခဲ့လို့မို့ အားလုံးကို စွန့်ပစ်ခဲ့တဲ့ ကောင်လေး။အခု သူ့အတွက်နဲ့ ပညာရေးကိုပါ
စွန့်လွှတ်လာသည့်အခါ jimin မနေနိုင်တော့ပေ။
ဝမ်းနည်းစိတ်ဟာ လှိုက်တက်လာကာ ငိုမိတော့သည်။သူက Jungkook ကို ပင်ပန်းစေမိပြီ ထင်ပါသည်။
"မငိုပါနဲ့ "
Jungkook သည် မျက်ရည်စများကို သုတ်ပေးရင်း ရင်ခွင်ထဲ ဖက်လို့ထားသည်။
"အကို့ကြောင့်...မင်းရဲ့ အနာဂတ်တွေ ပျောက်ကုန်ပြီမလားဟင်?အကို့ကြောင့်ပဲ ရွှေဘုံစံနေရတဲ့ ဘဝကနေ အခုလို နေရာမှာ လာနေနေရတာ"
"မဟုတ်တာ...ကိုကိုရာ။ကိုကို သိထားဖို့ကလေ
ကျွန်တော်က ကိုကိုရှိတဲ့ ဘယ်နေရာမဆို နေနိုင်တယ်။ကိုကိုက အဓိက ပါ။အ့ကြောင့် စိတ်မကောင်းဖြစ်စေမယ့် အတွေးတွေလည်း မတွေးပါနဲ့။ကျွန်တော်နဲ့ တူတူ ခုကနေစပြီး သံသရာ တစ်ဆုံးထိ ဖြတ်သန်းသွားကြမယ်"
💘 Part-34 💘
Start from the beginning
