"ကိုကို စားတော့မလို့လား?"
"အင်း.....တူတူစားမယ်လေ"
အိမ်ပေါ်ပြန်တက်လာသော Jungkook သည်
သူ့အနားကပ်ထိုင်လာသည်။ထို့နောက် နှစ်ယောက်စလုံး ဗိုက်ဆာဆာနဲ့ အိုးထဲက ခေါက်ဆွဲပြုတ်အကုန် စားမိခဲ့ကြသည်။
"ပန်းကန်တွေ ထားခဲ့ Jungkook ။အကို ဆေးမယ် "
စားပြီးသား ပန်းကန်များကို ကိုကိုက ဆေးဖို့
ကြံနေသည်ကြောင့် Jungkook တားရသည်။
"ရတယ်။ကိုကိုက ရေချိုးပြီးသားမို့ ဒါတွေ ထပ်မကိုင်နဲ့တော့ "
"အကိုလည်း လုပ်ပေးချင်တယ်လေ "
"နောက်မှ လုပ်ပါ။ခုက ကိုကို ရေချိုးပြီးသားမို့ "
"........."
"နော်...."
မကျေနပ်ချင်သော ကိုကို့အား မေးဖျားလေးကို ဖွဖွကိုင်ရင်း ပြောတော့ ခေါင်းလေးကို မငြိမ့်ချင်၊ငြိမ့်ချင်နဲ့ ငြိမ့်ကာ ပြသည်။
"ဒါပြီးရင် ရေချိုးမှာမလား?"
"အင်း...ချိုးမှာလေ "
"အ့ဆို အကို မင်းအတွက် ဝတ်စုံ ထုတ်ထားပေးမယ်"
"ကျွန်တော့်အဝတ်အစားတွေ ပါမလာသေးဘူး "
"အကို့မှာ အသင့်အတင့်တော့ ပါလာပါတယ် "
Jungkook ကြောင်ကာ ကြည့်နေမိတော့
ကိုကိုက သူရှိရာ ဘေစင်နားသို့ လျှောက်လာခဲ့သည်။
"မင်းအတွက် အဝတ်အစားတွေ ဝယ်ခဲ့သေးတယ်"
"ဘာလို့ ဝယ်ရတာလဲ..ကိုကိုရာ
နောက်ရက် taehyung တို့ ကျွန်တော့်အဝတ်အစားတွေ ယူလာပေးမှာကို "
"ဘယ်လိုနေနေ .....မင်းအတွက် ပဲဟာ။
ပြီးတော့ အကို ဒီမှာ အလုပ်ရှာကြည့်မလို့"
Jungkook သည် ပန်းကန်များဆေးပြီးသည်နှင့်
သူ့လက်ကိုပါ တစ်ခါတည်း ဆေးကာ အဝတ်စနဲ့ ခြောက်အောင် သုတ်လိုက်သည်။ပြီးနောက် jiminနဲ့ မျက်နှာချင်းဆိုင်ရပ်ပြီး jimin ရဲ့ လက်နှစ်ဖဝါးကို ဆုပ်ကိုင်လိုက်ရင်း
"ကိုကို.....ကျွန်တော်ပဲ ကိုကို့အတွက် ကြိုးစားပြီး ငွေရှာပေးပါ့မယ်။ကိုကိုကတော့ မလုပ်ပါနဲ့။
ခုချိန်က ကျွန်တော်က အဝတ်တစ်ထည်၊ကိုယ်တစ်ခုနဲ့ ဆိုပေမယ့် ကျွန်တော် အလုပ်ရှာမှာပါ။
ကိုကို့ ငွေကိုလည်း ကိုကိုပဲ သိမ်းထားပါ"
💘 Part-34 💘
Start from the beginning
