"Jungkook .....ပြီးပြီလား?"
ရေချိုးပြီးပါသော ကိုကိုက တီရှပ်လက်ကျအဖြူလေးကို ဘောင်းဘီရှည် ဆင်စွယ်ရောင်လေးနဲ့ တွဲဝတ်ထားခြင်းကြောင့် ဖြူဖွေးသော အသားအရေနဲ့ ထင်ဟပ်နေတော့သည်။ခေါင်းလျှော်ထားပုံရသော ကိုကို့ရဲ့ ဆံပင်များက ရေစက်များခုထိ
တွဲလွဲခိုနေတုန်းပင်။
"ပြီးပြီ..ခနနေမှ စားမယ်လေ။ခေါင်းလျှော်ထားတာလား?"
Jungkook သည် သူ့အနား ရောက်လာရင်း
ရေစိုနေသော ဆံပင်များကို ကိုင်ကာ မေးသည်။
"အင်း...."
"ဘာလို့ ရေခြောက်အောင် မသုတ်တာလဲ?"
"ဟင်.....သုတ်ခဲ့တယ်။မခြောက်သေးတာ။
ခနနေ ခြောက်သွားမှာပါ "
"ဒီတိုင်း ပစ်ထားလို့မရဘူးလေ...ကိုကိုရာ ။
ခေါင်းစိုကြီးနဲ့ ဒီတိုင်းနေရင် နှာစေးမှာပေါ့"
"ဘာမှ မဖြစ်ပါဘူးဆို ....ခနနေ သူ့ဘာသာ ခြောက်သွားမှာ "
"နေဦး...ကျွန်တော် ခြောက်အောင် ပြန်သုတ်ပေးမယ်"
Jungkook သည် သူတို့အိပ်ခန်းထဲ ဝင်သွားကာ
တဘတ်တစ်ထည်ယူပြီး ပြန်ထွက်လာသည်။
ထို့နောက် jiminကို ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်ခိုင်းပြီး သူကိုယ်တိုင်ကတော့ မတ်တပ်ရပ်ရင်း
Jimin ခေါင်းက ဆံပင်တို့ကို ရေခြောက်အောင်
တဘတ်နှင့် သုတ်ပေးသည်။Jungkookရဲ့
ဂရုစိုက်ပေးမှုကို jimin မျက်နှာလေး ပြုံးရင်းသာ
ခံယူနေမိသည်။
"ရပြီ "
ဆံပင်များ ခြောက်သွားသည့်အခါမှာတော့
Jungkook သည် သုတ်ပြီးသော တဘတ်ကို
သူ့ပခုံးတစ်ဖက်ပေါ် တင်ထားပြီး jiminရဲ့ ဆံပင်များကို သူ့လက်ချောင်းများနဲ့ ရှင်းပေးသည်။
သပ်သပ်ရပ်ရပ်လေး ဖြစ်သွားသည့်အခါ
Jungkookက သူ့ခေါင်းလေးကို အနမ်းလေးတစ်ချက်ပေးပြီး အနည်းငယ် ရေစိုနေသော တဘတ်ကို နေလှန်းရန် ခြံထဲသို့ ဆင်းသွားတော့သည်။
Jiminလည်း Jungkook မလာခင်
အိုးထဲက ခေါက်ဆွဲပြုတ်များကို အရန်သင့်ထားထားသော ပန်းကန်လုံးနှစ်လုံးထဲကို ခွဲဝေထည့်ကာ ဇွန်းနဲ့ တူတို့ကိုပါ အရန်သင့်ချထားလိုက်သည်။
💘 Part-34 💘
Start from the beginning
