ဆရာသည် lalaအား နွေးထွေးသော အပြုံးလေးဖြင့် တုံ့ပြန်ကာ ကြည့်သည်။
"Jungkook ရော မမြင်မိပါလား?ဒီနေ့ ကျောင်းမလာဘူးလား?"
Jungkook အကြောင်း မေးလာသည့်အခါ
Lala နဲ့ taehyung အကြည့်ချင်းဆုံမိကြသည်။
ထိုအရာကို သိသည့် ဆရာက
"ဘာဖြစ်လို့လဲ?ဆရာ မသိလိုက်တဲ့ အကြောင်းအရာတွေ ရှိနေခဲ့တာလား ?"
ဆရာ Namjoon ဟာလည်း သူတို့ ယုံကြည်အားကိုးရတဲ့ သူမို့ taehyung ပြောပြဖို့သာ တွေးလိုက်ပြီး ဖြစ်စဉ် အကျဉ်းချုပ်ကို ပြောပြလိုက်သည်။
"အော်.......ဆရာ့အမျိုးသားလိုပေါ့"
"ဘာကိုလဲဗျ"
Taehyung က နားမလည်စွာ ဝင်မေးတော့
ဆရာသည် လေးနက်စွာဖြင့် ပြန်ပြောပြသည်။
"Jungkook အခု ကြုံနေရသလို ဆရာနဲ့ jinnie နဲ့လည်း ဖြစ်ခဲ့ဖူးတယ်။jinnie ရဲ့ မိဘတွေကလည်း
ဆရာ့ကို သဘောမကျကြဘူး။အဲ့တော့ jinnie နဲ့ အဆက်အသွယ် ပြတ်အောင် စီစဉ်ခဲ့ကြတယ်။
ဆရာလည်း ကြားထဲ jinnie အပေါ် အထင်လွဲပြီး မုန်းနေခဲ့တာ။နောက် နှစ်တွေကြာပြီးမှ jinnie က ပြန်လာပြီး ရှင်းပြတယ်။အဲ့တော့မှ နားလည်ပြီး
အချစ်တွေကို ရှေ့ဆက်ခဲ့တာ"
"ဆရာတို့လည်း ခက်ခဲခဲ့မှာပဲနော် "
Taehyung ပြောတော့ ဆရာသည် ပြုံးပြုံးလေးနဲ့
ခေါင်းငြိမ့်ပြသည်။
"ဆရာ့အတွက်က သိပ်မဖြစ်ခဲ့ပေမယ့်
ဆရာ့အမျိုးသားအတွက်ကတော့ အများကြီးခက်ခဲခဲ့တယ်။သူ့မိသားစုနဲ့ အတိုက်အခံ လုပ်ပြီး ဆရာ့ကို ရွေးချယ်ခဲ့ရတာလေ"
"အချစ်တွေ စစ်မှန်တော့ ဆရာတို့လည်း
ပေါင်းဖက်ခွင့်ရခဲ့ကြတာပဲလေ"
"ဒါပေါ့။အခု Jungkook ကလည်း သူ့အချစ်အတွက်တိုက်ပွဲဝင်နေသလိုပဲလေ။ပြီးတော့ Jungkook ရဲ့ အချစ်က နက်ရှိုင်းသလို အစွဲအလန်းကြီးတယ်။Taehyung ပြောပြပုံအရဆိုလည်း Jungkook ရဲ့ ချစ်သူကောင်လေးကလည်း Jungkook အပေါ် မလျော့တဲ့ ချစ်ခြင်းနဲ့ ချစ်နေလိမ့်မယ်။အခက်အခဲ တွေ ပြီးသွားရင်တော့ သေချာပေါက် သူတို့နှစ်ဦး ပေါင်းဖက်ရမှာပါ"
"ဟုတ်....ကျွန်တော်တို့လည်း အဲ့လို ယုံကြည်ထားတယ်ဗျ "
"ကဲ...ဆရာလည်း သွားရတော့မယ်။
အကူအညီလိုရင် ပြောကွာ ။ဆရာ တက်နိုင်သလောက် ကူညီပေးဖို့ အသင့်ပဲ "
💘 Part-32 💘
Start from the beginning
