"အမလေးရှင်!နင်ပြောလိုက်မှ အိမ်ထောင်ပြုရမှာတောင် ကြောက်နေရပြီ "
"ကြောက်ရင် မပြုပဲ နေလေ"
"နေပါဘူး!ငါ့ပဲ လိုက်ပြောနေတာ။
နင်ရော ဒီလိုတွေ တွေးထားရင် min Yoongi နဲ့
တွဲပဲတွဲလေ။လက်မထပ်နဲ့ "
"ငါက ကြိုတင်ပြင်ဆင်နေလို့။အဆင်သင့်ဖြစ်တဲ့ နေ့ကျရင် yoongiနဲ့ လက်ထပ်မှာ "
"ဖြစ်ရမယ် ။ဒါဆို min Yoongi က နင့်အတွက်
right personပေါ့ "
"ဒါပေါ့။သူက ငါ့ရဲ့ real right person"
သူငယ်ချင်းနှစ်ယောက်ရဲ့ စကားသံလေးများဟာ
ကန်တင်းတစ်ခွင် ဆာဆာတက်အောင် ကြားနေရပါသည်။
"Taehyung လား?"
"ဟင်!ဆရာ ...မင်္ဂလာပါဗျ"
ဆရာ Namjoon ရဲ့အသံကို ကြားရသည်မို့
ထိုင်နေရာမှ အမြန်ထကာ နှုတ်ဆက်ရသည်။lalaသည်လည်း စာမသင်ဖူးပေမယ့် သူ့နည်းတူ
ဆရာ့အား ရိုသေစွာ နှုတ်ဆက်သည်။
"ထိုင်ကြပါ "
ဆရာသည် သူတို့နဲ့ တစ်ဝိုင်းထဲ ဝင်ထိုင်လာသည်မို့ သူတို့လည်း ဆရာရှေ့ ရိုသေစွာ ပြန်ထိုင်ကြရသည်။
"ဆရာ ...ကတိမတည်ဘူးဗျာ။တတိယနှစ်ကိုကျ မယူထားဘူး "
Taehyung ဟာ မချိတင်ကဲလေးပြောတော့
ဆရာnamjoonက ပါးချိုင့်များ ပေါ်အောင် ပြုံးသည်။
"ပထမနှစ်နဲ့ ဒုတိယနှစ် အတန်းချိန်တွေနဲ့ကို ဆရာ မအားလပ်နေလို့ပါ။ပြီးတော့ ဆရာ့အမျိုးသားအတွက် အချိန်လည်း ပေးရသေးတယ်လေ "
"ခုရော ဆရာ့အမျိုးသား ပါမလာဘူးလား ?"
"အင်း....သူက သူ့မိသားစုရဲ့ ကုမ္ပဏီကို သွားတယ်လေ ။ဒါနဲ့ သူက?"
"သူက lala။ဒီနှစ်မှ ဒီကို ပြောင်းလိုက်တာ "
Lalaကို ညွှန်ပြကာ မေးလာသည်မို့ taehyung ကပဲ မိတ်ဆက်ပေးလိုက်ရသည်။lalaကတော့
ဆရာ့အား သွားတန်းလေးများ ပေါ်အောင်ပြုံးကာ ခေါင်းညွှတ်နှုတ်ဆက်သည်။
"ဟုတ်ပြီ။ဆရာ မှတ်ထားပါ့မယ်။တွေ့ရတာ ဝမ်းသာပါတယ် "
"ဟုတ်ကဲ့ရှင့်......တွေ့ရတာ ဝမ်းသာပါတယ် ဆရာ"
💘 Part-32 💘
Start from the beginning
