"Taehyung "
"အင်း "
"Jungkook မရှိတော့လည်း ပျင်းစရာကြီးနော် "
"ဟုတ်တယ်....အဲ့ကောင် ခုချိန် ဘာလုပ်နေမလဲ မသိဘူး။သူ့အစား ငါတော့ တွေးပြီး အရမ်းပျင်းတာပဲ။အခန်းထဲပဲ စာသင်လိုက်၊အိပ်လိုက်၊စားလိုက်နဲ့ "
"Jiminshi နဲ့ Jungkook က တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတာမို့ရော၊သူတို့အချစ်အတွက် ရင်ဆိုင်ဖို့ သတ္တိရှိတာ ရောမို့ ဒီလို ဒဏ်တွေ ခံနိုင်ရည်ရှိနေတာ"
"ဒါဆို နင်ကရော ?"
မိမိဘက် မြှားဦးလှည့်လာသော taehyung အား
Lala ကြေကွဲဖွယ် အပြုံးလေးသာ ပြုံးပြရင်း
"ငါက သတ္တိမရှိခဲ့လို့ ခုလို ဝေးနေရတာပေါ့ "
Lalaရဲ့ အပြောကို taehyung နားထောင်ရုံသာ တတ်နိုင်ခဲ့သည်။သူ့စိတ်ထဲတွင်တော့ lala သူချစ်တဲ့ သူနဲ့ ပြန်လည်ဆုံတွေ့ဖို့ ဆုတောင်းပေးနေမိသည်။
"Taehyung "
"အင်း "
"နင်ရော min Yoongi နဲ့ လက်ထပ်ဖို့ တွေးထားပြီလား?"
Lalaမေးမှ taehyung တွေးဆဆလေးဖြစ်သွားသည်။တကယ်တော့ သူတို့နှစ်ယောက်လုံး
လက်ထပ်ဖို့ကို ခုထိ မစဉ်းစားရသေးပေ။
"ချစ်သူဘဝလေးကို ကြာကြာလေး ဖြတ်သန်းချင်သေးတော့ လက်ထပ်ဖို့ကို မစဉ်းစားရသေးဘူး။ပြီးတော့ အိမ်ထောင်တစ်ခု ထူထောင်တယ်ဆိုတာ လွယ်ကူတဲ့ အရာမဟုတ်ဘူးလေ"
"ဆိုပါဦး....Mr . taehyung shi"
Lalaက မေးဖျားကလေး ထောက်ပြီး ကြည့်ကာ
Taehyung ကို စကားဆက်ပြောစေသည်။
"သွေးမတော်၊သားမစပ်တဲ့သူနှစ်ယောက်
တစ်ဘဝလုံး ပျော်ရွှင်စွာ လက်တွဲသွားဖို့က
ရာနှုန်းပြည့် မဖြစ်နိုင်ဘူးလေ။ကြားထဲမှာ သဘောထားမတိုက်ဆိုင်တဲ့ အချိန်တွေ ရှိလာမယ်။တခါတလေ အခက်အခဲလေးတွေ ကြုံလာရမယ်။အဲ့လိုအခြေအနေတွေ ရှိလာခဲ့ရင် နှစ်ယောက်က အပေးအယူမျှမျှ ၊နားလည်မှု ရှိရှိနဲ့
ဖြေရှင်းကြမှ သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရမှာပဲလေ။ပြီးတော့ ရှေ့ရေးအတွက် ကြိုတွေးထားပြီး ငွေကို အတတ်နိုင်ဆုံး စုထားရမယ်။ဒါမှလည်း အခက်အခဲ ကြုံရင် မိဘဆီ လက်ဖြန့်တောင်းစရာမလိုပဲ ကိုယ့်အားကိုယ်
ကိုးနိုင်မှာလေ။တစ်ဘဝလုံး လက်တွဲသွားရမှာမို့
လူရွေးမမှားဖို့လည်း အရေးကြီးတယ် "
💘 Part-32 💘
Start from the beginning
