"ခုရော ?"
Taehyung သည် သိချင်ဇောကြောင့် ကြားဝင်မေးသည်။lalaသည် ယဲ့ယဲ့လေး ပြုံးကာ
"Lalaကိုရီးယားကို ပြန်မလာခင်မှာ
လမ်းခွဲခဲ့ကြတယ် "
"ဟင်!"
"ဘယ်လိုဖြစ်တာလဲ?"
"အဓိကက lalaမိဘတွေပါ။သူတို့က ဒီလို အချစ်မျိုးကို လက်မခံပေးနိုင်ခဲ့ဘူးလေ။အဲ့လိုနဲ့ lalaကို
ကျောင်းထုတ်ပြီး ကိုရီးယားမှာ ဆက်တက်ဖို့ ခေါ်ခဲ့ရင်း အကိုတို့နဲ့ ဆုံရတာပဲ "
"အကို စိတ်မကောင်းပါဘူး "
Jimin သည် လေသံလေးဖျော့ကာ ပြောရင်း
Lalaအတွက် စိတ်မကောင်းဖြစ်နေသည်။taehyungမှာလည်း မှိုင်းညို့သော မျက်ဝန်းများနဲ့သာ lalaကို ကြည့်နေခဲ့သည်။သူတို့ ခင်မင်တဲ့ အချိန်အတောအတွင်း lalaက ဘယ်အခြေအနေမျိုးမှာမဆို ပျော်ပျော်ပဲ နေတတ်တာမို့
ခုလို ရင်နာစရာ ကိစ္စ ရှိခဲ့မှန်း သူတို့ မရိပ်မိခဲ့ပါ။
"ခုရော အဆက်အသွယ် လုပ်ဖြစ်ကြသေးလား?"
"မရှိတော့ဘူး။မေမေတို့ဘက်က သူမကိုလည်း
တခြားနယ်ကို ပြောင်းထားလိုက်ကြတယ်။ဖုန်းနံပါတ်ကအစ အကုန် ပြောင်းပစ်လိုက်ကြတော့
Lala ဆက်သွယ်ခွင့်မရခဲ့ပါဘူး "
Lalaသည် ပြုံးပြုံးလေးသာ ပြောပြနေခဲ့ပေမယ့်
မျက်ရည်စလေးများ ဝဲနေခဲ့သည်။
"အဟီး....ရုတ်တရက် နေရခက်လိုက်တာ။
ဒီမျက်ရည်တွေကလည်း -"
သူတို့ရှေ့မှာမို့ မျက်ရည်များကို ထိန်းချုပ်နေသည့် lalaဘေးနား taehyung သွားထိုင်ကာ
ပခုံးလေးကို ဖက်ရင်း အားပေးနေသည်။
"ဘာမှ မဖြစ်ပါဘူး။အကို ယုံတယ်။
Lalaနဲ့ သူမ တစ်နေ့ သေချာပေါက် ပြန်တွေ့မှာပါ"
"ကျေးဇူးပါ "
Lala လည်း သူ ချစ်ခင်ရသော သူများရှေ့ မထိန်းချုပ်ချင်တာမို့ မျက်ရည်များကို ကျဆင်းခွင့်ပေးလိုက်သည်။jiminshi ပြောသလို တစ်နေ့နေ့တော့ သူမနဲ့ ပြန်ဆုံချင်ပါသေးသည်။
..........................................................................
Jungkook မရှိသည့်အတွက် lalaနဲ့ taehyung သာ ကျောင်းတက်ကြရသည်။jungkookကိုတော့
အိမ်မှာပဲ သူ့မေမေက စာသင်စေခဲ့သည်။ဒီလို အချုပ်အနှောင်ကြား ရောက်နေသည့် Jungkook ကိုလည်း သူတို့ သနားမိသည်။ဘာလို့များ လူတွေက လိင်တူ ချစ်ကြိုက်ပြီဆိုရင် ရွံစရာ သတ္တဝါတစ်ကောင်လို ဆက်ဆံကြလဲ မသိပါ။သို့ပေမယ့် ထိုကိစ္စနဲ့ ပတ်သက်ပြီးလည်း ဘာမှ ထွေထွေထူးထူး မပြောလိုပါ။အဓိကက သူတို့ ချစ်တဲ့သူနဲ့ သူတို့ အတူနေရရင် ရပြီမို့ ကျန်တာတွေကို လျစ်လျူရှု့ထားတာ အကောင်းဆုံးပင်။
💘 Part-32 💘
Depuis le début
