💘 Part-32 💘

Start from the beginning
                                        

Lalaရဲ့ စကားကြောင့် jimin သဘောတကျ ပြုံးမိသလို lalaရဲ့ အတွင်းစိတ်ဓာတ်ကိုလည်း  သိလိုက်ရသည်။

"အကို အားလုံး နားလည်ပြီးသာပါ။
Lalaကိုသာ ကျေးဇူးတင်နေမိတာ"

"မလိုပါဘူး။lalaလည်း ကိုယ်ချင်းစာတယ်လေ"

"ဘယ်လို ?"

Lalaရဲ့ စကားကို နားမလည်စွာ jimin မေးတော့
Lalaက ဖြေရခက်ဟန် မျက်နှာကလေး ဖြစ်သွားသည်။

"Lalaမှာ နှလုံးသားရေးကိစ္စနဲ့ ပတ်သက်ပြီး
တစ်ခုခု ရှိခဲ့ဖူးတယ်မလား?"

Jimin ဖြစ်နိုင်ချေကို တွေးကာ မေးတော့
Lalaသည် ပြုံးပြုံးကလေးနဲ့ ခေါင်းငြိမ့်ပြသည်။

"ပြောပြချင်လား?"

"........."

"ရင်ဖွင့်တဲ့ အနေနဲ့ အကိုတို့ကို ပြောပြလို့ရတယ် "

Lalaသည် jimin နဲ့ taehyung အား တစ်လှည့်စီ ကြည့်လာသည်။jimin နဲ့ taehyung မှာလည်း
Lala ပြောပြလာမယ့် စကားကိုသာ အာရုံစိုက်ထားလိုက်ကြသည်။

"Lalaလည်း ကိုရီးယားကို မလာခင်တုန်းက
နိုင်ငံခြားမှာ ကျောင်းတက်ရင်း ချစ်သူရှိခဲ့ဖူးတယ်။ချစ်သူကလည်း မိန်းကလေးပဲ "

Lalaဆီက စကားသည် jimin နဲ့ taehyung အား
အနည်းငယ်တော့ အံ့အားသင့်စေခဲ့ပါသည်။

"Lalaတို့မိသားစုက နှစ်စဉ် ပညာသင်စရိတ် ထောက်ပံ့ဆုပေးတယ်။အဲ့မာ သူမနဲ့ စတွေ့တာ။မေမေတို့ ပညာသင်စု ထောက်ပံ့တာကို သူမရသွားတာလေ။ပြီးတော့ သူမနဲ့ lalaနဲ့က ရွယ်တူတွေဆိုတော့ အရင်ဆုံး သူငယ်ချင်းဖြစ်ကြတာပေါ့။သူမနဲ့က ကျောင်းနေဖက်ရော၊‌အဆောင်လည်း တူတော့ အတူတူ တွေ့ရချိန်က များတယ်။သူငယ်ချင်းကနေမှ အဆင့်တက်ခဲ့ကြတာ။
Lalaနဲ့သူမ နှစ်ယောက်လုံး နားလည်မှုတွေ အပြည့်အဝထားကြတယ်။တစ်ယောက်ကို တစ်ယောက် နွေးထွေးမှုတွေ၊ကြင်နာမှုတွေ ပေးတယ်။ဂရုစိုက်မှုတွေလည်း အမြဲ ပေးတယ်။
သူမနဲ့ တူတူ ကျောင်းတက်ခဲ့ရတဲ့ နေ့ရက်တွေက
Lala အတွက် အပျော်ဆုံးနေ့ရက်တွေပဲ။သံယောဇဉ်ထက် ပိုနေခဲ့ကြတာကို ဖွင့်မပြောပဲ
အကြည့်တွေကနေ သိခဲ့ကြတယ် "

"........"

"နောက်ကျ lalaဘက်က စပြီး ဝန်ခံခဲ့တယ်။သူမဘက်ကလည်း ဝန်ခံခဲ့တယ်။ဘာမျှ မတွေးပဲ သူမနဲ့ lala တွဲခဲ့ကြတယ်။ပျော်ခဲ့ကြတယ်။နေရာစုံတွေ လျှောက်လည်ခဲ့ကြတယ် "

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now