"Jungkook ...အကို တောင်းပန်တယ်လေနော်။ခု
ရှင်းပြပြီးပြီလေ။မကျေနပ်တာ ရှိသေးတာလား?"
"အင်း "
"ဘာများလဲ?မင်းပြောမှ အကိုက သိမှာလေ "
"ကိုကို ဆုယူတဲ့နေ့က အဲ့ဒယ်ယန်းဆိုတဲ့လူက
ကိုကို့ပါးကို နမ်းတာ။ကျွန်တော် မကြိုက်ဘူး "
"အော်...အဲ့တာက hyungက ဂုဏ်ပြုရင်း နမ်းတာ ပြောတယ်။အကိုတောင် စစချင်း လန့်သွားပေမယ့် မီဒီယာတွေရှေ့မှာမို့ ပြုံးနေခဲ့တာ။ပွဲပြီးတဲ့အချိန်မှာပဲ အကို အဲ့လိုလုပ်ရပ်ကို မကြိုက်ကြောင်း hyungကို ပြောပြီးပါပြီ"
"............."
"Jungkook......စကားလေး ပြန်ပြောပါဦး ။
ဒီမှာ လွမ်းနေရတာကို "
"လွမ်းတယ်ဆိုပြီး ကျွန်တော့်ဆီ ဘာလို့
လာမတွေ့နိုင်ရတာလဲ?"
Jungkook ပခုံးထက် မျက်နှာအပ်ထားရာမှ
မျက်နှာချင်းဆိုင်အနေအထားကို ပြောင်းကာ
လက်နှစ်ဖက်ကတော့ Jungkook ရဲ့ ပခုံးပေါ် တင်ထားမိဆဲပင်။
"တွေ့ချင်တာပေါ့။မင်း ဘက်ကို ကြည့်နေလို့လေ။
မင်း အိမ်မှာ ဘယ်လို နေနေရတယ် ဆိုတာ သိထားတော့ အကို စိတ်လိုက်မာန်ပါ မလုပ်ရဲဘူး။
မင်းမေမေက ခုချိန်မှာ မင်းရော၊အကို့ကိုရောကို
သေချာ စောင့်ကြည့်နေဆဲဖြစ်မှာကို သိတယ်။
အ့ကြောင့် မင်းဘက်က ဆက်သွယ်လာမှာကိုပဲ
စောင့်နေခဲ့တာ "
"ဘာတွေပဲဖြစ်ဖြစ်၊ဘယ်လို အခြေအနေပဲ ရောက်ရောက် ကိုကို ကျွန့်တော့်လက်ကို မလွှတ်ပါနဲ့ "
ကောင်လေးရဲ့ နှုတ်ခမ်းပါးတို့က ထွက်လာတဲ့ ထိုစကားလုံးများက နှလုံးသားထဲက လာတဲ့
စကားသံလေးများ ဖြစ်နေလိမ့်မည်။
"အင်း.... ကတိပေးတယ်။
မင်းလက်ကို ဘယ်တော့မှ မလွှတ်ဘူး "
"ကျွန်တော် ကိုကို့ကို အရမ်းချစ်တာ "
ပြောပြီးနောက် jimin ကိုယ်ငယ်လေးကိုတင်းကြပ်စွာ ပွေ့ဖက်လိုက်ခြင်းကြောင့် Jungkook ရင်ခွင်ကျယ်ထဲ ကကြိုးလေး ကိုယ်ငယ်လေးမှာ နစ်မြှပ်နေတော့သည်။
Jungkook ရဲ့ လည်တိုင်ကို ပြန်သိုင်းဖက်ရင်း
အင်ဂျင်နီယာလေး၏ ပခုံးထက်ဆီ မျက်နှာအပ်ထားရင်း ကိုယ်သင်းနံ့ သင်းသင်းလေးကို ရှုရှိုက်နေမိသည်။
💘 Part-30 💘
Start from the beginning
