💘 Part-30 💘

Start from the beginning
                                        

"အထင်လွဲသွားတယ်ဆိုလည်း အကိုပဲ တောင်းပန်ပါတယ်။hyungကို အထင်မလွဲပါနဲ့။
အကိုက မင်းချစ်သူမှန်း သူသိတယ် "

"ကိုကို့ရဲ့ ခါးကို ကလိထိုးတဲ့ အကြောင်းကရော။
သူ့လို လူကြီးလူကောင်းတစ်ယောက်က အဲ့လောက်တောင် ကလေးဆန်ရတာလား?"

"အာ...အဲ့တာက ထိုင်ခုံမှာ ထိုင်ရင်း
Hyung ရဲ့ တံတောင်နဲ့ အကို့ခါးကို ထိမိတာ။အဲ့မှာ အကိုက လန့်သွားပြီး ခါးက တွန့်သွားတာကို
Hyung က သတိထားမိလိုက်တာ။အကို့ကို စချင်တော့ အပျော်သဘောနဲ့ပါ "

"ဘယ်လိုပဲ ဖြစ်ဖြစ် ကိုကို့ရဲ့ ချစ်သူတစ်ယောက်အနေနဲ့ ကျွန်တော် သဝန်တိုတယ်။ကိုကို့ဘက်က
အဲ့ဒီလူအပေါ် ရိုးသားတယ်ဆိုပေမယ့်
အဲ့ဒီလူက ခုထိ ကိုကို့ကို မျှော်လင့်နေသလို မျက်လုံးတွေနဲ့ ကြည့်နေတုန်းပဲ။အဲ့တာကို
ကိုကိုလည်း သိတယ် "

"သိပါတယ်။ဒါပေမယ့် hyung က အကို့မှာ မင်းရှိနေတာကို သိလို့မို့ သူရှေ့ဆက်မတိုးခဲ့ပါဘူး။အ့ကြောင့် အကိုလည်း hyungကို အရင်လို ဆက်ဆံပေးတာပါ။ပြီးတော့ hyungက အကို့အတွက် ကျေးဇူးရှင်ပဲလေ "

"ကျွန်တော်သိတယ်။ကျေးဇူးတရားကို အကြောင်းပြပြီး ကိုကို့ကို ဆွဲခေါ်သွားမယ့်အဖြစ်ကို ကျွန်တော်လက်မခံနိုင်ဘူး "

"Hyungက အဲ့လို လူစားမျိုး မဟုတ်ပါဘူး "

"သစ်ပင်ကောက်တာပဲ မြင်နိုင်တာ ကိုကို....
လူကောက်တာကို မမြင်နိုင်ဘူး။အဲ့လိုပဲ
အဲ့ဒီလူ စိတ်ထဲ ဘာရှိနေတယ်ဆိုတာ ကိုကိုလည်း မသိသလို၊ကျွန်တော်လည်း မသိနိုင်ဘူး။ပြီးတော့ ကျွန်တော် ဒီလိုတွေ ပြောနေရတာက
ကိုကို့ကို ဆုံးရှုံးရမှာ ကြောက်လို့"

တိမ်ဝင်သွားသော အသံလေးနဲ့ ခေါင်းလေး ငုံ့ကျသွားသော ကောင်လေးအား ကြည့်ကာ
Jimin ပြုံးမိသည်။အင်ဂျင်နီယာလေးက သူ့ကို
သိပ်ချစ်တာပဲလား?

အရပ်ကွာဟမှုကြောင့် ခြေဖျားလေး မဆိုသလောက် ထောက်ပြီး Jungkook လည်တိုင်မှတစ်ဆင့် သိုင်းဖက်လိုက်မိသည်။ကောင်လေးရဲ့ ခေါင်းလုံးလုံးလေးမှ ဆံပင်များကိုလည်း
သပ်ချပေးရင်း ရင်ငွေ့ချင်း နီးကပ်စေသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now